မကြီးစန်း (မိတ်ကပ် ခင်စန်းဝင်း)ကို ဝါကျွတ်ဂါရဝပြုသွားရောက် ကန်တော့ခဲ့တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ အေးမြတ်သူကတော့ ဒီနေ့မှာ မိတ်ကပ်ခင်စန်းဝင်း (မကြီးစန်း)ကို သွားရောက်ဂါရဝပြုကန်တော့ခဲ့ပါတယ်။ အေးမြတ်သူကတော့ ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ ဝါကျွတ်ကာလဖြစ်တာနဲ့အညီ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအတိုင်း လေးစားရတဲ့ ပုဂ္ဂိုလ်တွေကို ဂါရဝပြု လိုက်လံကန်တော့နေခဲ့တာပါ။

မင်းသမီးတစ်လက်ဖြစ်တာနဲ့အညီ သူ့ကိုလှပအောင်ပြင်ဆင်ပေးတဲ့ မိတ်ကပ်စရာတွေကိုလည်း ဂါရဝပြုလိုက်လံကန်တော့နေခဲ့တဲ့ အေးမြတ်သူရဲ့ သိတက်မှုကြောင့် မကြီးစန်းက ကြည်နူးပီတိဖြစ်နေခဲ့ရပါသေးတယ်။ မကြီးစန်းက “ချစ်ရတဲ့သမီးအေးမြတ်သူဝါကျွတ်လာကန်တော့တာပါ။ အမြဲတမ်းဂါဝရထားတဲ့သမီးပါ။ မင်းသမီးမဖြစ်ခင်မော်ဒယ်ဘဝထဲက ကိုယ်ကမမွေးရပေမယ့်ကိုယ်မွေးထားသလိုပါပဲ။ သားသမီးနှင့်မခြားပါပဲ။

သမီးလေးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။စိတ်တိုင်းကျကိုယ်တိုင်းကျလိုတိုင်းတ,ရတဲ့ဘဝမျိုးဖြစ်ပါစေ။အသက်ရှည်အနာမဲ့ပါစေ,စည်းစိမ်ဥစ္စာစီးပွါးချမ်းသာဖြင့်နေနိုင်ပါစေ။”လို့ အေးမြတ်သူရဲ့ ဂါရဝပြုမှုအတွက် ပြန်လည်ပြီး ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ တစ်ဦးမေတ္တာတစ်ဦးမှာဆိုတဲ့အတိုင်း ကြည်နူးဖွယ်ကောင်းလှပါပေတယ်နော်။

Chilli – CeleZone
Source – Khin San Win