အလှူတွေလုပ်ပြီးအများကိုစိတ်ချမ်းသာစေသလို ကိုယ်တိုင်လည်းစိတ်ပျော်အောင်နေလို့ တစ်နေ့တခြားပိုလှလာတဲ့ စမိုင်းလ်

အလှူရေစက်လက်နဲ့မကွာသူလေးစမိုင်းလ်တစ်ယောက် ဘယ်ဖက်ကတစ်ဆုပ်ကြဲပြီး ညာဖက်ကတစ်လှည်းဝင်သူလေးဖြစ်နေခဲ့ပါ တယ်။ အရည်အချင်းရှိပြီး သူမကိုတန်ဖိုးထားတဲ့ အမျိုးသားကိုပိုင်ဆိုင်နိုင်ခဲ့တာမို့ ပျော်စရာအိမ်ထောင်ရှင်မဘဝမှာ အေးချမ်းနေခဲ့ပါ တယ်။ သမီးလေးနှစ်ယောက်ကိုလည်း အကောင်းဆုံးပျိုးထောင်နေပြီး မေမေ့စကားနားထောင်တဲ့ လိမ္မာတဲ့သမီးလေးတွေဖြစ်နေခဲ့ ပါပြီ။

 

သုံညဘဝကစပြီး အတူတူကြိုးစားရုန်းကန်လာတာမို့ တွဲလက်တွေဟာ တခြားသူတွေထက် ပိုပြီးခိုင်မြဲလွန်းပါတယ်။ အခက်အခဲတွေ အများကြီးကိုအတူတူရင်ဆိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့တာမို့ ထွေထွေထူးထူးတည်ဆောက်စရာမလိုတဲ့ နားလည်မှုတွေကိုယ်စီနဲ့ နှစ်ယောက်သားရဲ့ အချစ်ကမ္ဘာလေးဟာ ယနေ့ထက်တိုင် အချစ်တွေနဲ့ ထုံမွှန်းနေဆဲပါပဲ။

 

ချစ်ဇနီးကိုအကောင်းဆုံးဆိုတာတွေချည်းပဲပေးချင်တဲ့ ခင်ပွန်းတစ်ယောက်ရဲ့ မေတ္တာနဲ့ စေတနာဟာ စမိုင်းလ်အတွက်တော့ အေးချမ်းလုံခြုံမှုနဲ့ ပျော်ရွှင်စေပါတယ်။ ချစ်ဇနီးစိတ်ကြိုက် အရာအားလုံးကိုဖန်တီးခွင့်ပေးထားသလို စမိုင်းလ်ကလည်း ရသမျှကို စည်းကမ်းနဲ့သုံးပြီး အလှူအတန်းတွေလည်း ရက်ရက်ရောရောလှူခဲ့ပါသေးတယ်။ စိတ်ရော လူပါလှလွန်းတဲ့စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

 

Happy – Cele Zone
Photo – Smile