ကိုယ်ဝန်နဲ့တောင် အလှကြီးလှနေတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းကတော့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေခဲ့ပြီး ချစ်စရာသားသားလေးတစ်ယောက်အပြင် နောက်ထပ်ရင်သွေးလေးတစ်ယောက်ကိုလည်း ကိုယ်ဝန်ဆောင်ထားပါသေးတယ်။

နန်းမြတ်ကတော့ အပျိုဘဝကတည်းက ပြစ်မျိုးမှည့်မထင်လှတဲ့အပြင် ပုရိသတွေသာမက မိန်းကလေးချင်းတောင် အားကျနှစ်သက်ခဲ့ရတဲ့ သူပါ။ လက်ရှိမှာလည်း နန်းမြတ်ရဲ့ ကိုယ်ဝန်က (၆)လရှိနေခဲ့ပြီဖြစ်ပေမဲ့ အလှမပျက်ဘဲ အလှကြီးလှနေပါသေးတယ်။ ဒီနေ့မှာတော့ နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကိုယ်ဝန်ဆောင်(၆)လနဲ့သူ့ရဲ့လက်ရှိပုံလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ နန်းမြတ်ရဲ့ ကိုယ်ဝန်နဲ့တောင် အပျိုတွေရှုံးရလောက်အောင် လှနေမှုကို မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း မေမေနန်းမြတ်ရဲ့ အပျိုရှုံးလောက်အောင်လှပလွန်းလှတဲ့ ပုံလေးတွေကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – Nan Myat Phyo Thin