တန်ဆောင်တိုင်ကာလမှာ ဂါရဝတရားရှေ့ထားပြီး မိတ်ကပ်ညီညီမောင်ကို သွားကန်တော့ခဲ့တဲ့ အေးမြတ်သူ

မြန်မာတို့ရဲ့ချစ်စရာဓလေ့တစ်ခုဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလရောက်ရင် ကိုယ့်ထက်သက်ကြီးဝါကြီးတွေကို ရိုသေသမှုနဲ့ ကန်တော့ကြပြီး လူကြီးတွေကလည်း ကလေးတွေကို မုန့်ဖိုးပြန်ပေးတဲ့ အလေ့အထလေးဟာ အရမ်းကိုချစ်ဖို့ကောင်းပါ တယ်။ လက်ရှိမှာတော့ ရောဂါတွေကြောင့် ဝါလကင်းလွတ်သီတင်းကျွတ်ပွဲတော်ကို မကျင်းပနိုင်ခဲ့ပါဘူး။

သို့ပေမယ့်လည်း ဂါရဝတရားကိုတော့ တားမရနိုင်တာမို့ အေးမြတ်သူတစ်ယောက် သူမရဲ့မိတ်ကပ်ဆရာလည်းဖြစ် သူမထက်လည်း အသက်အရွယ်လည်းကြီးတဲ့ မိတ်ကပ်ညီညီမောင်ကို တန်ဆောင်မုန်းမှာ ရိုသေသမှုနဲ့ ကန်တော့ခဲ့ပါတယ်။ မိတ်ကပ်ဆရာနဲ့ မင်းသမီးဆိုတာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူတွေပါ။ သုသုကလည်း မမြတ်လေးကို ချစ်စနိုးနဲ့ မုန့်ဖိုးပြန်ပေးခဲ့ပါ တယ်။

အပြန်အလှန်ကြည်နူးပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို ” ပီတိဖြစ်ရတဲ့နေ့ ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာ မိတ်ကပ်ပညာရှင်နဲ့ မင်းသမီး အမေနဲ့သမီး , အမနဲ့ညီမ လုပ်ဖော်ကိုင်ဖက်လို နေလာကြတာ နှစ်စဉ်ဝါကျွတ်ဂါရဝလာပြုတဲ့ မမြတ်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အကယ်ဒမီတွေ အများကြီးရပါစေနော် ” ဆိုပြီး သုသုကဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Nyi Nyi Maung