Myanmar Idol Season 4 ကို အမြင်အတိုင်း ဝေဖန်လိုက်တဲ့ ချစ်သက်

Posted on

မြန်မာနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့် ကတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို ခေါ်ကြတဲ့ နိုင်ငံကျော်မင်းသမီးတစ်ဦးပါ။ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်း အပြည့်နဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ရုံသာမက ပရိသတ်တွေကို အရမ်းဖော်ရွှေပြီး မြတ်နိုးတန်ဖိုးထားတတ်သူတစ်ယောက်မို့ ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ပရိသတ်တွေသိကြတဲ့ ချစ်သက်ဆိုတဲ့ မင်းသမီးတစ်ဦးအသွင်ကို လုံးဝပျောက်သွားစေခဲ့တဲ့ သခင်ကြီးနှင့် ငါးပိတို့စရာရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ယခုအချိန်မှာ ရုံတင်ပြသနေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုးအားပေးမှုတွေကို ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေသိတဲ့ အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ပန်တွေမရှိပဲ ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းနေသူလေးမို့ ပရိသတ်တွေက ပိုပြီး အကဲပိုနေရတဲ့ မင်းသမီးလေးပါ။

အခုလည်း ပရိသတ်တွေကြားမှာ သာမက အနုပညာရှင်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ Myanmar Idol Season 4 ပြိုင်ပွဲကြီးကတော့ တကယ့်ကို ကြည့်လို့ကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလို့နေပါပြီ။ ထိုပြိုင်ပွဲကြီးနဲ့ ပတ်သတ်ပြီး ချစ်သက်က ” ၁၁ ယောက်လုံး အမိုက်စား!!!ဒီတခါ အကုန်တော် ဘယ်သူမှလည်း ကြောက်နေကြောင် နေတဲ့သူမရှိဘူး အသံရော ဆိုဟန်ရော ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့! Big Congratulations to you all! လူစုံ ဓါတ်ပုံမရိုက်လိုက်ရဘူး ဘဲန်ဆိုတုန်းကတော့ ငိုချလိုက်ချင်တာ ကိုယ်လည်း အမေချစ်ဆိုတော့လေ” ဆိုပြီး သူမရဲ့ အမြင်လေးကို ပွင့်ပွင့်လင်းလင်းဝေဖန်သုံးသပ်ပြခဲ့တာဖြစ်ပါတယ်။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း တဖြည်းဖြည်းနဲ့ အရှိန်ရနေပြီဖြစ်တဲ့ Myanmar Idol ပွဲကြီးမှာ ကိုယ်ချစ်တဲ့ အဆိုတော်ကို အပြည့်အဝဝန်းရံ အားပေးလိုက်ကြပါအုံးနော်။

Source:Thet Mon Myint

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

Myanmar Idol Season 4 ကို အျမင္အတိုင္း ေဝဖန္လိုက္တဲ့ ခ်စ္သက္

ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး႐ုပ္ရွင္မင္းသမီးတစ္ေယာက္ျဖစ္တဲ့ သက္မြန္ျမင့္ ကေတာ့ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ခ်စ္သက္လို ေခၚၾကတဲ့ ႏိုင္ငံေက်ာ္မင္းသမီးတစ္ဦးပါ။ သ႐ုပ္ေဆာင္ပိုင္းမွာ အရည္အခ်င္း အျပည့္နဲ႔ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္႐ုံသာမက ပရိသတ္ေတြကို အရမ္းေဖာ္ေ႐ႊၿပီး ျမတ္ႏိုးတန္ဖိုးထားတတ္သူတစ္ေယာက္မို႔ ပရိသတ္ေတြရဲ႕အားေပးမႈေတြကို အခိုင္အမာရရွိထားတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။

လက္ရွိမွာဆိုရင္ ပရိသတ္ေတြသိၾကတဲ့ ခ်စ္သက္ဆိုတဲ့ မင္းသမီးတစ္ဦးအသြင္ကို လုံးဝေပ်ာက္သြားေစခဲ့တဲ့ သခင္ႀကီးႏွင့္ ငါးပိတို႔စရာ႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္ ယခုအခ်ိန္မွာ ႐ုံတင္ျပသေနၿပီျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ႀကိတ္ႀကိတ္တိုးအားေပးမႈေတြကို ရရွိထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ပရိသတ္ေတြသိတဲ့ အတိုင္း ပြင့္ပြင့္လင္းလင္းနဲ႔ ဟန္ပန္ေတြမရွိပဲ ဘဝကို အ႐ိုးရွင္းဆုံး ျဖတ္သန္းေနသူေလးမို႔ ပရိသတ္ေတြက ပိုၿပီး အကဲပိုေနရတဲ့ မင္းသမီးေလးပါ။

အခုလည္း ပရိသတ္ေတြၾကားမွာ သာမက အႏုပညာရွင္ေတြၾကားမွာ အရမ္းကို ေရပန္းစားေနတဲ့ Myanmar Idol Season 4 ၿပိဳင္ပြဲႀကီးကေတာ့ တကယ့္ကို ၾကည့္လို႔ေကာင္းတဲ့ အေျခအေနတစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။ ထိုၿပိဳင္ပြဲႀကီးနဲ႔ ပတ္သတ္ၿပီး ခ်စ္သက္က ” ၁၁ ေယာက္လုံး အမိုက္စား!!!ဒီတခါ အကုန္ေတာ္ ဘယ္သူမွလည္း ေၾကာက္ေနေၾကာင္ ေနတဲ့သူမရွိဘူး အသံေရာ ဆိုဟန္ေရာ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ အျပည့္နဲ႔! Big Congratulations to you all! လူစုံ ဓါတ္ပုံမ႐ိုက္လိုက္ရဘူး ဘဲန္ဆိုတုန္းကေတာ့ ငိုခ်လိုက္ခ်င္တာ ကိုယ္လည္း အေမခ်စ္ဆိုေတာ့ေလ” ဆိုၿပီး သူမရဲ႕ အျမင္ေလးကို ပြင့္ပြင့္လင္းလင္းေဝဖန္သုံးသပ္ျပခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ CeleZone ပရိသတ္ႀကီးလည္း တျဖည္းျဖည္းနဲ႔ အရွိန္ရေနၿပီျဖစ္တဲ့ Myanmar Idol ပြဲႀကီးမွာ ကိုယ္ခ်စ္တဲ့ အဆိုေတာ္ကို အျပည့္အဝဝန္းရံ အားေပးလိုက္ၾကပါအုံးေနာ္။