ကြိုးစားထားတဲ့ဇာတ်ကားလေး ပထမဆုံးရုံတင်ပြသတဲ့နေ့မှာ ရင်တွေခုန်နေကြတဲ့ ခီမောင်နှံ

Posted on

ပရိသတ်တွေကိုအမြဲတမ်းကြည့်ရတာတန်စေမယ့်ဇာတ်ကားကောင်းတွေချည်းပဲ တင်ဆက်ပေးလေ့ရှိတဲ့ ခီမောင်နှံတို့ရဲ့ တတိယမြောက်ကြိုးစားမှုဇာတ်ကားလေးဟာ ဒီနေ့မှာပဲ ပိတ်ကားထက်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ အားပေးမယ့် ပရိသတ်တွေအများအပြားနဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာအသေအချာပါပဲ။ ရင်ခုန်ခြင်း များစွာနဲ့ ခီမောင်နှံတို့နှစ်ယောက်ကတော့ လက်ရှိမှာတောင်ငူမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးဖို့အတွက် အချိန်တွေတော်တော်ကြာကြာယူခဲ့ပြီး သေချာကြိုးစားပြင်ဆင်ခဲ့တဲ့ရလာဒ်ကို လည်း ပရိသတ်တွေကအသိအမှတ်ပြုပြီး အားပေးခဲ့ကြပါတယ်။ ရုံမတင်ခင်မှာပဲ ကြိုတင်လက်မှတ်တွေဟာ တစ်ချို့ရုံတွေမှာ နာရီပိုင်းအတွင်း အကုန်ကုန်သွားလောက်အောင်ကို အားပေးကြမ်းတဲ့ပရိသတ်ကြီးကြောင့် ခရစ္စတီးနားခီတစ်ယောက် ဝမ်းသာကြည်နူးခဲ့ရပါသေးတယ်။

ဒီနေ့မှာတော့ နှစ်ယောက်သား တောင်ငူကိုရောက်ရှိနေပြီး Ro ဆန်ဆန်ပုံရိပ်လေးကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အမြဲတမ်း ပြုံးနေတတ်တဲ့ ခရစ္စတီးနားနဲ့ ဇနီးသည်ကိုတန်ဖိုးထားပြီး သိပ်ချစ်တဲ့ဇဏ်ခီတို့ရဲ့လိုက်ဖက်မှုကတော့ နေနဲ့လရွှေနဲ့မြပဲနော်။ ပရိသတ်ကြီးရော ခီမောင်နှံရဲ့ ဇာတ်ကားကိုအားပေးပြီးပြီလား။

Photo – Christina Kyi
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ၾကိဳးစားထားတဲ့ဇာတ္ကားေလး ပထမဆံုးရံုတင္ျပသတဲ့ေန႔မွာ ရင္ေတြခုန္ေနၾကတဲ့ ခီေမာင္ႏွံ ”

ပရိသတ္ေတြကိုအျမဲတမ္းၾကည့္ရတာတန္ေစမယ့္ဇာတ္ကားေကာင္းေတြခ်ည္းပဲ တင္ဆက္ေပးေလ့ရွိတဲ့ ခီမောင္ႏွံတို႔ရဲ႕ တတိယေျမာက္ၾကိဳးစားမႈဇာတ္ကားေလးဟာ ဒီေန႔မွာပဲ ပိတ္ကားထက္ကိုေရာက္ရွိလာျပီပဲျဖစ္ပါတယ္။ အားေပးမယ့္ပရိသတ္ေတြအမ်ားအျပားနဲ႔ ဒီဇာတ္ကားဟာလည္းေအာင္ျမင္တဲ့ဇာတ္ကားတစ္ကားျဖစ္မွာအေသအခ်ာပါပဲ။ ရင္ခုန္ျခင္းမ်ားစြာနဲ႔ ခီေမာင္ႏွံတို႔ႏွစ္ေယာက္ကေတာ့ လက္ရွိမွာေတာင္ငူျမိဳ႕ကိုေရာက္ရွိေနတာပဲျဖစ္ပါတယ္။

ရုပ္ရွင္ဇာတ္ကားတစ္ကားရိုက္ကူးဖို႔အတြက္ အခ်ိန္ေတြေတာ္ေတာ္ၾကာၾကာယူခဲ့ျပီး ေသခ်ာၾကိဳးစားျပင္ဆင္ခဲ့တဲ့ရလာဒ္ကို လည္း ပရိသတ္ေတြကအသိအမွတ္ျပဳျပီး အားေပးခဲ့ၾကပါတယ္။ ရံုမတင္ခင္မွာပဲ ၾကိဳတင္လက္မွတ္ေတြဟာ တစ္ခ်ိဳ႕ရံုေတြမွာ နာရီပိုင္းအတြင္း အကုန္ကုန္သြားေလာက္ေအာင္ကို အားေပးၾကမ္းတဲ့ပရိသတ္ၾကီးေၾကာင့္ ခရစၥတီးနားခီတစ္ေယာက္ ဝမ္းသာၾကည္ႏူးခဲ့ရပါေသးတယ္။

ဒီေန႔မွာေတာ့ ႏွစ္ေယာက္သား ေတာင္ငူကိုေရာက္ရွိေနျပီး Ro ဆန္ဆန္ပံုရိပ္ေလးကိုလည္း ရိုက္ကူးခဲ့ပါေသးတယ္။ အျမဲတမ္းျပံဳးေနတတ္တဲ့ ခရစၥတီးနားနဲ႔ ဇနီးသည္ကိုတန္ဖိုးထားျပီး သိပ္ခ်စ္တဲ့ဇဏ္ခီတို႕ရဲ႕လိုက္ဖက္မႈကေတာ့ ေနနဲ႕လေရႊနဲ႔ျမပဲေနာ္။ ပရိသတ္ၾကီးေရာ ခီေမာင္ႏွံရဲ႕ ဇာတ္ကားကိုအားေပးျပီးျပီလား။

Photo – Christina Kyi
Happy – Cele Gabar