မိဘမဲ့ပြီးမပြည့်စုံတဲ့ ကလေးတွေကို သွားရောက်ထိန်းကျောင်းပေးရင်း နို့မှုန့်နဲ့ Diaperတွေလှူဒါန်းခဲ့တဲ့ ချောရတနာ

Posted on

နာမည်လေးနဲ့လိုက်အောင် ချောမောလှပတဲ့ မင်းသမီးလေးချောရတနာဟာ ပရိသတ်တွေရဲ့နှလုံးသားကို တစ်ခေတ်တခါက အပိုင်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူမနဲ့ထိုက်တန်တဲ့ အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းအချိန်တွေထိ အနုပညာအလုပ်တွေလုပ်ဖြစ်‌ေနပေမယ့် လက်ရှိမှာတော့ ‌ေြခလှမ်းအတော်လေးကျဲသွားခဲ့ပါတယ်နော်။

သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့ သူမအပေါ်ချစ်ခင်ကြင်နာပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတတ်တဲ့ ချစ်ခင်ပွန်းတို့ကို ပိုင်ဆိုင်ထားခဲ့ရပြီဖြစ်တာကြောင့် ချစ်ရတဲ့ မိသားစု‌ေလးအပေါ်ကိုသာ အချိန်ပေးလို့ထားခဲ့တာပဲဖြစ်ပါတယ်။ သူမအားလပ်တဲ့အချိန်လေးတွေမှာတော့ ဘာသာရေးလေးတွေနဲ့ အလှူအတန်းလေးတွေလုပ်ဖြစ်လို့နေခဲ့ပါတယ်။ အရင်က မအားမလပ်နဲ့ဖြစ်ခဲ့ရတဲ့အချိန်တွေမှာတောင် အလှူအတန်းတွေ ပရဟိတတွေဆိုရင် ရှေ့ဆုံးကနေပါ၀င်တတ်သူမို့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကိုရရှိထားခဲ့ရပါတယ်

အခုလည်း မိဘမဲ့နေပြီး မပြည့်မစုံဖြစ်နေတဲ့က လေးတွေအတွက် သူမရဲ့ကိုယ်ပိုင်၀င်ငွေလေးထဲကနေပြီးတော့ နို့မှုန့်နဲ့ Diaperတွေကိုလှူဒါန်းခဲ့တာကို‌ေတွ့ရပြန်ပါတယ်‌ေနာ်။ မိခင်ရဲ့ရင်ငွေ့ကိုလိုအပ်နေတဲ့ကလေးတွေကို သွားရောက်ကူညီထိန်းပေးရင်းနဲ့ ကလေးတွေ လိုအပ်နေတာလေးတွေကို တတ်နိုင်တဲ့ဘက်ကနေ အလှူဒါနပြုခဲ့တာပဲဖြစ်ပါတယ်။ ကဲ… စောင့်ရှောက်မှု‌ေပးထားတဲ့ ကလေးတွေကို မိခင်အရင်းလို နွေးနွေးထွေးထွေးထိန်းကျောင်းပေးနေတဲ့ မင်းသမီးချောရတနာရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြည်နူးပီတိဖြစ်စေဖို့ ပြန်လည်ဖော်‌ပြပေးလိုက်ပါတယ်နော်။

Source : Chaw Yadanar
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

မိဘမဲ့ၿပီးမျပည့္စုံတဲ့ ကေလးေတြကို သြားေရာက္ထိန္းေက်ာင္းေပးရင္း ႏို႔မႈန႔္နဲ႔ Diaperေတြလႉဒါန္းခဲ့တဲ့ ေခ်ာရတနာ

 

 

နာမည္ေလးနဲ႔လိုက္ေအာင္ ေခ်ာေမာလွပတဲ့ မင္းသမီးေလးေခ်ာရတနာဟာ ပရိသတ္ေတြရဲ႕ႏွလုံးသားကို တစ္ေခတ္တခါက အပိုင္သိမ္းယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူမနဲ႔ထိုက္တန္တဲ့ အကယ္ဒမီဆုႀကီးကိုလည္း ဆြတ္ခူးရရွိခဲ့တာပဲျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းအခ်ိန္ေတြထိ အႏုပညာအလုပ္ေတြလုပ္ျဖစ္‌ေနေပမယ့္ လက္ရွိမွာေတာ့ ‌ေျခလွမ္းအေတာ္ေလးက်ဲသြားခဲ့ပါတယ္ေနာ္။

သားေလးတစ္ေယာက္ သမီးေလးတစ္ေယာက္နဲ႔ သူမအေပၚခ်စ္ခင္ၾကင္နာၿပီး အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္ေပးတတ္တဲ့ ခ်စ္ခင္ပြန္းတို႔ကို ပိုင္ဆိုင္ထားခဲ့ရၿပီျဖစ္တာေၾကာင့္ ခ်စ္ရတဲ့ မိသားစု‌ေလးအေပၚကိုသာ အခ်ိန္ေပးလို႔ထားခဲ့တာပဲျဖစ္ပါတယ္။ သူမအားလပ္တဲ့အခ်ိန္ေလးေတြမွာေတာ့ ဘာသာေရးေလးေတြနဲ႔ အလႉအတန္းေလးေတြလုပ္ျဖစ္လို႔ေနခဲ့ပါတယ္။ အရင္က မအားမလပ္နဲ႔ျဖစ္ခဲ့ရတဲ့အခ်ိန္ေတြမွာေတာင္ အလႉအတန္းေတြ ပရဟိတေတြဆိုရင္ ေရွ႕ဆုံးကေနပါဝင္တတ္သူမို႔ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈေတြကိုရရွိထားခဲ့ရပါတယ္။

အခုလည္း မိဘမဲ့ေနၿပီး မျပည့္မစုံျဖစ္ေနတဲ့က ေလးေတြအတြက္ သူမရဲ႕ကိုယ္ပိုင္ဝင္ေငြေလးထဲကေနၿပီးေတာ့ ႏို႔မႈန႔္နဲ႔ Diaperေတြကိုလႉဒါန္းခဲ့တာကို‌ေတြ႕ရျပန္ပါတယ္‌ေနာ္။ မိခင္ရဲ႕ရင္ေငြ႕ကိုလိုအပ္ေနတဲ့ကေလးေတြကို သြားေရာက္ကူညီထိန္းေပးရင္းနဲ႔ ကေလးေတြ လိုအပ္ေနတာေလးေတြကို တတ္ႏိုင္တဲ့ဘက္ကေန အလႉဒါနျပဳခဲ့တာပဲျဖစ္ပါတယ္။ ကဲ… ေစာင့္ေရွာက္မႈ‌ေပးထားတဲ့ ကေလးေတြကို မိခင္အရင္းကို ေႏြးေႏြးေထြးေထြးထိန္းေက်ာင္းေပးေနတဲ့ မင္းသမီးေခ်ာရတနာရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြၾကည္ႏူးပီတိျဖစ္ေစဖို႔ ျပန္လည္ေဖာ္‌ျပေပးလိုက္ပါတယ္ေနာ္။