အခုကာလနဲ့လိုက်ဖက်တဲ့သီချင်းလေးနဲ့ ချစ်စရာကောင်းအောင်Tik Tokဆော့ပြလိုက်တဲ့ ပိုပို

Posted on

ခက်ခဲကြမ်းတမ်းလှတဲ့ အ‌ခြေအနေတစ်ခုကနေပြီးတော့ ကိုယ့်အစွမ်းအစကိုယ် ရုန်းထွက်ကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ အဆိုတော်မလေးကတော့ ပိုပိုပဲဖြစ်ပါတယ်။ သီချင်းတွေနဲ့ သူမဘဝကို မြှုပ်နှံကာ  ပရ်သတ်တွေအတွက် အစွမ်းကုန်ကြိုးစားခဲ့တာကြောင့် လက်ရှိမှာအောင်မြင်နေတဲ့ လူငယ်အဆိုရှင်တွေထဲကတစ်ယောက်ဖြစ်လာခဲ့ရတာပါ။

အခုဆိုရင် သူမဟာ ကိုယ်ပိုင်အိမ်လေးတစ်လုံးရယ် သီချင်းတွေကို စိတ်ကြိုက်လုပ်နိုင်မယ့် Home Studioလေးတစ်ခုရယ်ကို ပိုင်ဆိုင်ခဲ့ရပါပြီနော်။ သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်တီး ပြီး Creationကောင်းကောင်းနဲ့ဖန်တီးတတ်တာကြောင့် သူမရဲ့ သီချင်းတိုင်းလိုလိုဟာ ပရိသတ်တွေရဲ့ ရင်ထဲကို ထိမှန်ရောက်ရှိစေပါတယ်။ အခုလည်း တန်ဆောင်တိုင်လအတွက် သီဆိုထားတဲ့ သီချင်းအသစ်လေးနဲ့အတူ Tik Tokလေးဆော့ကာ မျှဝေထားပြန်ပါတယ်။

တန်ဆောင်တိုင်ညရဲ့ အလှအပတွေကို ကြည့်ရင်း ပွဲဈေးလေးကိုချစ်သူနဲ့ လျှောက်ပတ်ကာ  နိဗ္ဗာန်ဈေးလေးကိုအတူတူတိုးကြမယ့် အကြောင်းလေးကို သီဆိုထားတာပဲဖြစ်ပါတယ်။ ချစ်စရာ‌ေကာင်းတဲ့ အမူအရာလေးတွေ အိုက်တင်လေးတွေနဲ့ Tik Tokဗီဒီယိုလေးရိုက်ကာ တင်ထားခဲ့တာပဲဖြစ်ပြီးတော့ အခုအချိန်ကာလနဲ့လည်း ကိုက်ညီတဲ့သီချင်းလေးဖြစ်တာကြောင့် ပရိသတ်တွေအကြိုက်တွေခဲ့ကြရပါတယ်။ ကဲ… ပရိသတ်တို့ကော ပိုပိုရဲ့သီချင်းလေး‌ထဲလို တန်ဆောင်တိုင်ညမှာ ပွဲဈေးတွေပတ်ပြီး နိဗ္ဗာန်ဈေးအတူတူ တိုးခဲ့ဖူးတဲ့ ချစ်‌သူမျိုးလေးကောရှိဖူးခဲ့လား ပြောခဲ့ကြပါအုန်းနော်???

Source : ၀တ်ရည်မိုး
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

အခုကာလနဲ႔လိုက္ဖက္တဲ့သီခ်င္းေလးနဲ႔ ခ်စ္စရာေကာင္းေအာင္Tik Tokေဆာ့ျပလိုက္တဲ့ ပိုပို

 


ခက္ခဲၾကမ္းတမ္းလွတဲ့ အ‌ေျခအေနတစ္ခုကေနၿပီးေတာ့ ကိုယ့္အစြမ္းအစကိုယ္ ႐ုန္းထြက္ကာ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ထိုက္ထိုက္တန္တန္ရရွိထားတဲ့ အဆိုေတာ္မေလးကေတာ့ ပိုပိုပဲျဖစ္ပါတယ္။ သီခ်င္းေတြနဲ႔ သူမဘဝကို ျမႇဳပ္ႏွံကာ ပရ္သတ္ေတြအတြက္ အစြမ္းကုန္ႀကိဳးစားခဲ့တာေၾကာင့္ လက္ရွိမွာေအာင္ျမင္ေနတဲ့ လူငယ္အဆိုရွင္ေတြထဲကတစ္ေယာက္ျဖစ္လာခဲ့ရတာပါ။

အခုဆိုရင္ သူမဟာ ကိုယ္ပိုင္အိမ္ေလးတစ္လုံးရယ္ သီခ်င္းေတြကို စိတ္ႀကိဳက္လုပ္ႏိုင္မယ့္ Home Studioေလးတစ္ခုရယ္ကို ပိုင္ဆိုင္ခဲ့ရပါၿပီေနာ္။ သီခ်င္းေတြကို ကိုယ္တိုင္ေရး ကိုယ္တိုင္တီး ၿပီး Creationေကာင္းေကာင္းနဲ႔ဖန္တီးတတ္တာေၾကာင့္ သူမရဲ႕ သီခ်င္းတိုင္းလိုလိုဟာ ပရိသတ္ေတြရဲ႕ ရင္ထဲကို ထိမွန္ေရာက္ရွိေစပါတယ္။ အခုလည္း တန္ေဆာင္တိုင္လအတြက္ သီဆိုထားတဲ့ သီခ်င္းအသစ္ေလးနဲ႔အတူ Tik Tokေလးေဆာ့ကာ မွ်ေဝထားျပန္ပါတယ္။

တန္ေဆာင္တိုင္ညရဲ႕ အလွအပေတြကို ၾကည့္ရင္း ပြဲေဈးေလးကိုခ်စ္သူနဲ႔ ေလွ်ာက္ပတ္ကာ နိဗၺာန္ေဈးေလးကိုအတူတူတိုးၾကမယ့္ အေၾကာင္းေလးကို သီဆိုထားတာပဲျဖစ္ပါတယ္။ ခ်စ္စရာ‌ေကာင္းတဲ့ အမူအရာေလးေတြ အိုက္တင္ေလးေတြနဲ႔ Tik Tokဗီဒီယိုေလး႐ိုက္ကာ တင္ထားခဲ့တာပဲျဖစ္ၿပီးေတာ့ အခုအခ်ိန္ကာလနဲ႔လည္း ကိုက္ညီတဲ့သီခ်င္းေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြအႀကိဳက္ေတြခဲ့ၾကရပါတယ္။ ကဲ… ပရိသတ္တို႔ေကာ ပိုပိုရဲ႕သီခ်င္းေလး‌ထဲလို တန္ေဆာင္တိုင္ညမွာ ပြဲေဈးေတြပတ္ၿပီး နိဗၺာန္ေဈးအတူတူ တိုးခဲ့ဖူးတဲ့ ခ်စ္‌သူမ်ိဳးေလးေကာရွိဖူးခဲ့လား ေျပာခဲ့ၾကပါအုန္းေနာ္???