လက်ဆောင်ရတဲ့အရုပ်လေးတွေထဲက ခွေးရုပ်လေးတစ်ရုပ်ကို သားနဲ့သမီးခွဲတမ်းချပေးခဲ့တာကြောင့် ပျော်ခဲ့ရတဲ့ ချစ်သက်လေး

Posted on

အားချစ်နဲ့လ၀န်းလေးတို့ရဲ့ မေမေချစ်သက်လေးဟာ  မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ မင်းသမီးချောလေးတစ်လက်ပါနော်။ သူမဟာ လက်ရှိမှာလည်း သာယာပျော်ရွှင်ဖွယ်ရာ မိသားစုလေးကိုပိုင်ဆိုင်ထားရပြီးတော့ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေခဲ့ပါတယ်။

လက်ရှိမှာပြသနေပြီဖြစ်တဲ့ သခင်ကြီးနှင့်ငပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါ၀င်သရုပ်ဆောင်ထားပြီးတော့ ထိပ်တန်းမင်းသမီးတစ်ယောက်ပီပီ ပရိသတ်တွေအတွက် အမြဲကြိုးစားလျက်ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် ပွဲတိုင်းလိုလိုမှာသူမရဲ့ အမာခံပရိသတ်Yellow Heartလေးတွေက လာရောက်၀န်းရံပေးကြပြီးတော့ အားအင်တွေပေးလေ့ရှိပါတယ်။ တစ်ဖက်မှာလည်း စိတ်ချမ်းသာစရာကောင်းတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားရတာကြောင့် သူမချစ်တဲ့အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေနိုင်ခဲ့ပါတယ်။

အခုလည်း ပွဲမှာသူမရဲ့ Yellow Heart‌လေးတွေပေးတဲ့ လက်ဆောင်အရုပ်လေးတွေထဲက ခွေးရုပ်လေးတစ်ရုပ်ကို အားချစ်နဲ့ လ၀န်းလေးတို့ကခွဲတမ်းချပေးလို့ ရခဲ့ပါတယ်တဲ့။ ” YH လေးတွေက အရုပ်ပေးရင် ကိုယ်ခွဲတမ်းမရတာ များတယ် .. ဒါလေးက မေမေက ခွေးရုပ်ကြိုက်တယ်ဆိုပြီးလိုလိုလားလား သူတို့ခွဲတမ်းချပေးတဲ့ဟာလေး.. ဒါတောင် ခရီးသွားတာ ယူသွားမယ်ဆိုတာကို နိုး  လုပ်သေးတာ” ဆိုပြီးတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်အကြောင်းကိုပြောပြခဲ့ပါတယ်။ ကဲ… ကလေးတွေဆီက ခွဲတမ်းရတဲ့ ခွေးရုပ်လေးနဲ့ အမှတ်တရရိုက်ထားတဲ့ ချစ်သက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါပြီနော်..

Source : Thet Mon Myint
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

လက္ေဆာင္ရတဲ့အ႐ုပ္ေလးေတြထဲက ေခြး႐ုပ္ေလးတစ္႐ုပ္ကို သားနဲ႔သမီးခြဲတမ္းခ်ေပးခဲ့တာေၾကာင့္ ေပ်ာ္ခဲ့ရတဲ့ ခ်စ္သက္ေလး

 

အားခ်စ္နဲ႔လ၀န္းေလးတို႔ရဲ႕ ေမေမခ်စ္သက္ေလးဟာ ျမန္မာႏိုင္ငံက ပရိသတ္ေတြရဲ႕ အားေပးမႈကိုတစ္ခဲနက္ရရွိထားတဲ့ မင္းသမီးေခ်ာေလးတစ္လက္ပါေနာ္။ သူမဟာ လက္ရွိမွာလည္း သာယာေပ်ာ္႐ႊင္ဖြယ္ရာ မိသားစုေလးကိုပိုင္ဆိုင္ထားရၿပီးေတာ့ အႏုပညာအလုပ္ေတြကိုလည္း ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနခဲ့ပါတယ္။

လက္ရွိမွာျပသေနၿပီျဖစ္တဲ့ သခင္ႀကီးႏွင့္ငပိတို႔စရာ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါ၀င္သ႐ုပ္ေဆာင္ထားၿပီးေတာ့ ထိပ္တန္းမင္းသမီးတစ္ေယာက္ပီပီ ပရိသတ္ေတြအတြက္ အၿမဲႀကိဳးစားလ်က္ရွိတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ပြဲတိုင္းလိုလိုမွာသူမရဲ႕ အမာခံပရိသတ္Yellow Heartေလးေတြက လာေရာက္၀န္းရံေပးၾကၿပီးေတာ့ အားအင္ေတြေပးေလ့ရွိပါတယ္။ တစ္ဖက္မွာလည္း စိတ္ခ်မ္းသာစရာေကာင္းတဲ့ အိမ္ေထာင္ေရးေလးကိုပိုင္ဆိုင္ထားရတာေၾကာင့္ သူမခ်စ္တဲ့အႏုပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္ေနႏိုင္ခဲ့ပါတယ္။

အခုလည္း ပြဲမွာသူမရဲ႕ Yellow Heart‌ေလးေတြေပးတဲ့ လက္ေဆာင္အ႐ုပ္ေလးေတြထဲက ေခြး႐ုပ္ေလးတစ္႐ုပ္ကို အားခ်စ္နဲ႔ လ၀န္းေလးတို႔ကခြဲတမ္းခ်ေပးလို႔ ရခဲ့ပါတယ္တဲ့။ ” YH ေလးေတြက အ႐ုပ္ေပးရင္ ကိုယ္ခြဲတမ္းမရတာ မ်ားတယ္ .. ဒါေလးက ေမေမက ေခြး႐ုပ္ႀကိဳက္တယ္ဆိုၿပီးလိုလိုလားလား သူတို႔ခြဲတမ္းခ်ေပးတဲ့ဟာေလး.. ဒါေတာင္ ခရီးသြားတာ ယူသြားမယ္ဆိုတာကို ႏိုး လုပ္ေသးတာ” ဆိုၿပီးေတာ့ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့ ကေလးႏွစ္ေယာက္အေၾကာင္းကိုေျပာျပခဲ့ပါတယ္။ ကဲ… ကေလးေတြဆီက ခြဲတမ္းရတဲ့ ေခြး႐ုပ္ေလးနဲ႔ အမွတ္တရ႐ိုက္ထားတဲ့ ခ်စ္သက္ရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ အခုပဲ ျပန္လည္မွ်ေဝေပးလိုက္ပါၿပီေနာ္..