ဓားနဲ့ထိုးတဲ့ ဇာတ်ဝင်ခန်းမှာ ဓားအစစ်ကို အသုံးပြုခဲ့ရတာကြောင့် မတော်တဆ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ခန့်သီရိဇော်

အနုပညာမျိုးဆက်သစ် တစ်ယောက်ဖြစ်ပေမယ့် အရည်အချင်း အပြည့်အဝရှိတာကြောင့် ပရိသတ်အားပေးမှုကို အချိန်ခဏလေးအတွင်း ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်သီရိဇော်ပဲဖြစ်ပါတယ်။ သူမဟာ Mrtv-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း တဖြည်းဖြည်းအောင်မြင်မှုရရှိလာတာဖြစ်ပါတယ်နော်။

ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူမရဲ့ ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ အခုမှာတော့ ဓားနဲ့ထိုးတဲ့ ဇာတ်ဝင်ခန်းမှာ ဓားအစစ်ကို အသုံးပြုခဲ့ရတာကြောင့် မတော်တဆ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အကြောင်းလေးကို ” ဓားနဲ့ အထိုးခံရတဲ့အခန်းရိုက်တုန်းက တကယ့်ဓားအစစ်နဲ့ရိုက်ခဲ့ရတာတကယ့်အမှတ်တရပါပဲ….ရိုက်ရင်း mood ဝင်သွားပြီး လက်ကိုဓားနဲ့ မတော်တဆလေးထိမိသွားတာတောင်မသိဘူး ရိုက်ပြီးတော့မှ နာမှန်းသိတယ်.” ဆိုပြီး ပုံလေးတွေနဲ့တကွဖော်ပြခဲ့ရာ ပရိသတ်တွေကတော့ စိုးရိမ်စိတ်ပူခဲ့ကြတာလည်းဖြစ်ပါတယ် ။ပရိသတ်ကြီးအတွက် ခန့်ရဲ့ မတော်တဆ အဖြစ်ပျက်လေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။ 

Yuan – Cele Zone

photo – Khant