ကလေးတွေကို သွေးကွဲစေမယ့် Comment မျိုးတွေမမန့်ဖို့တောင်းဆိုလိုက်တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးချောလေးအဖြစ်လူသိများထင်ရှားတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ မခိုင်နှင်းဝေက ချစ်စရာကောင်းပြီး စိတ်နှလုံးဖြူစင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ လူတိုင်းမလုပ်နိုင်တဲ့ပရဟိတ အလုပ်ကို လူအား စိတ်အား နဲ့ ပေါင်းစည်းလုပ်ကိုင်နေတဲ့ မခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကတော့ မိန်းကလေးတိုင်း အားကျအတုယူဖွယ်စံပြအတုယူဖွယ် စံပြအမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းရဲ့ အဓိကအချက်တချက်ဖြစ်မယ်လို့ ထင်မိပါတယ်။

လက်ရှိမှာဆိုရင် ပရိသတ်တွေသိကြတဲ့ အတိုင်းမခိုင်နှင်းဝေ ဖွင့်လှစ်ထားတဲ့ မိခင်ရင်ခွင့်မဲ့နေတဲ့ သားသားမီးမီးလေးတွေအတွက် နွေးထွေးတဲ့ ရင်ခွင်တစ်စုံနဲ့ အမြဲကြိုဆိုလျက်ရှိတဲ့ မခိုင်နှင်းဝေရဲ့ ဂေဟာလေးက အရမ်းကို ချီးကျူးအားကျစရာကောင်းတဲ့ ဖန်တီးမှုလေးတစ်ခု ပါ။ လက်ရှိမှာဆိုရင် မခိုင်နှင်းဝေရဲ့ ဂေဟာလေးမှာ သားသားမီးမီး ၂၆‌ယောက်ကို လုံခြုံနွေးထွေးစွာကျွေးမွေးစောင့်ရှောက်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးသိကြတဲ့ မခိုင်နှင်းဝေရဲ့ မွေးစားသမီးလေး ရွှန်းရတီခိုင်လေးက မခိုင်နှင်းဝေနဲ့ ပိုပြီး နီးကပ်သူလေးဖြစ်တာကြောင့် ပရိသတ်တချို့က ဝေဖန်ခဲ့တဲ့ အပေါ်မိခင်တစ်ယောက်ရဲ့ ရင်ဖွင့်ခံစားချက်တွေကို ထုတ်ဖော်ပြသခဲ့တာပါ။ သားသမီးတွေကြားမှာ စိတ်ဝမ်းမကွဲစေချင်တဲ့ အမေတစ်ဦးရဲ့ ခံစားချက်တွေပေါက်ကွဲ ထွက်ခဲ့တဲ့ မခိုင်နှင်းဝေရဲ့ ဗီဒီယိုလေးကို CeleZone ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်‌နော်။

 

Source:Khnie Hnin Wai

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



