တခါမှမြင်ဖူးသေးတဲ့ လန်ထွက်နေတဲ့ကကွက်ဆန်းတွေကို ဖြူဖြူထွေးနဲ့အပြိုင်ကပြသွားတဲ့ အန်တီကြီး ရုပ်သံ

Posted on

ဖြူဖြူထွေးဆိုတဲ့ တက်သစ်စ မော်ဒယ် သရုပ်ဆောင်မလေးဟာ Tik Tok ဗီဒီယိုလေးတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားခဲ့သူပါ။ အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပြောဆိုတတ်တာကြောင့် အစပိုင်းမှာဝေဖန်ခဲ့ကြတဲ့ ပရိသတ်အချို့တောင် သူမရဲ့fanတွေဖြစ်သွားခဲ့ရပါပြီ။

သူမဟာTik Tokကစားရတာ အရမ်းဝါသနာပါပြီးတော့ နေ့တိုင်းနီးပါး ဗီဒီယိုဖိုင်အသစ်လေးတွေကို ပုံစံဆန်းဆန်းလေးတွေနဲ့ ကစာပြီးမျှဝေပေးလေ့ရှိပါတယ်။ သရုပ်ဆောင်ရတာ ကရခုန်ရတာနှစ်သက်တဲ့ဖြူဖြူထွေးဟာ အခုတစ်ခါမှာလည်း ကြော်ငြာရှုတင်ရိုက်ရင်းနဲ့ အားတဲ့အချိန်လေးမှာ ကရင်းခုန်ရင်းဆော့လို့နေခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ သူမရဲ့ ကကွက်တွေကို နောက်ချန်ထားခဲ့မယ့် သူမရဲ့ ပြိုင်ဘက်ကတော့ပေါ်ထွက်လို့လာခဲ့ပါတယ်။

တစ်ခါမှမမြင်ဖူးသေးတဲ့ ကကွက်အလန်းစားတွေကို ကပြနေတဲ့ အန်တီကြီးနဲ့ အတူ ဖြူဖြူထွေးတစ်ယောက် ကရင်းခုန်ရင်း အမှတ်တရဗီဒီယိုလေးရိုက်ခဲ့တာပဲဖြစ်ပါတယ်။ Moodတွေအပြည့်နဲ့ ကုလားသီချင်းသံလေးနဲ့အတူ စည်းချက်ကျကျကွေးနေအောင်ကနေတဲ့ အန်တီကြီးကြောင့် ဖြူဖြူထွေးလည်း ပျော်ခဲ့ရသလို ပရိသတ်တွေလည်း အမောပြေရအောင် အန်တီကြီးနဲ့အတူ ကထားတဲ့ဗီဒီယိုဖိုင်လေးကို ပျော်ပျော်ပါးပါးပဲ မျှဝေလို့ပေးထားခဲ့ပါတယ်။ ကဲ… အန်တီကြီးနဲ့ နှစ်ယောက်ပေါင်းပြီး အခွီတစ်လိုင်း ကလို့နေတဲ့ ဖြူဖြူထွေးတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်‌လို့ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)




