မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့်လေးမှာ ကျက်သရေရှိရှိလိုက်ဖက်လွန်းတဲ့ တစ်ချိန်က မင်္ဂလာအမှတ်တရပုံလေးတွေ ထုတ်ပြလိုက်တဲ့ ညီနန္ဒ

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကတော့ ညီနန္ဒပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ရင်ထဲမှာအချိန်အတော်ကြာ နေရာယူထားတဲ့ သူတစ်ယောက်ပါ။

ညီနန္ဒက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး ပရိသတ်အချစ်တွေကို ရရှိနေဆဲဖြစ်ပါတယ်နော်။သူဟာ အခုလက်ရှိကာလမှာဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြီးရောင်းချနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သာယာအေးချမ်းပြီး ကြည်နူးအားကျစရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျနေရတဲ့ ဆယ်လီမိသားစုလေးလည်းဖြစ်ပါတယ် ။ ဒီနေ့လေးမှာတော့ မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့်လေးဖြစ်ရာ တစ်ချိန်က မင်္ဂလာအမှတ်တရပုံရိပ်လေးတွေကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Nyi Nanda

 

error: Content is protected !!