နေကာမျက်မှန်ကို စတိုင်ကျကျတပ်ပြီး မေမေ့ကို စတိုင်ထုတ်ပြနေတဲ့ ရွှန်းရတီခိုင်လေး

Posted on

နိုင်ငံကျော်မင်းသမီးတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာဆိုရင် ကိုယ်ချင်းစာတရားအပြည့်နဲ့ ပရဟိတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ်ကိုင်နေသူတစ်ယောက်ပါ။ လက်ရှိမှာ သူမရဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ရင်း ပရဟိတလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး လုပ်ဆောင်နေတဲ့ လေးစားအားကျဖွယ် အမျိုးသမီးတစ်ဦးပါ။

ပရိသတ်တွေသိကြတဲ့ အတိုင်း ရင်ခွင်မဲ့ကလေးလေးတွေအပေါ်မှာထားရှိတဲ့ ခိုင်နှင်းဝေရဲ့ မေတ္တာတရားက အရမ်းကို ကြီးမားပါတယ်။ မခိုင်နှင်းဝေ မွေးစားထားတဲ့ သမီးလေး ရွှန်းရတီခိုင်လေးက အခုဆိုရင် ပရိသတ်တွေကြားမှာ အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ဖြစ်နေပြီး မခိုင်နှင်းဝေနဲ့ အပြုံးလေးတွေကအစ တူလွန်းလို့ မခိုင်နှင်းဝေတို့ တစ်အိမ်သားလုံး အချစ်ပိုနေရတဲ့ သူလေးပါ။

အိုက်တင်တွေ အမျိုးမျိုးနဲ့ မေမေ ခိုင်နှင်းဝေကို တစ်နေ့တစ်မျိုး မရိုးရအောင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေလုပ်ပြတတ်တဲ့ ရွှန်းရွှန်းလေးရဲ့ ပုံရိပ်လေးတွေကို မခိုင်နှင်းဝေက ပရိသတ်တွေအတွက် အမြဲတင်ပေးလေ့ရှိပါတယ်။ အခုလည်း နေကာမျက်မှန် တပ်ပြီး မေမေ့ကို စတိုင်ထုတ်ပြနေတဲ့ ရွှန်းရတီခိုင်လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို CeleZone ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Khine Hnin Wai

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



