ပုဂံမှာ ခင်လှိုင်တို့နဲ့အတူ လေးစားစရာကောင်းတဲ့ အလုပ်တစ်ခုလုပ်ခဲ့တဲ့ LGBT မော်ဒယ် Sinon Loresca ရုပ်သံ

Posted on

မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို အပိုင်သိမ်းထားတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ်ဖြစ်တဲ့ Sinon Loresca က မြန်မာတွေချစ်ရလောက်အောင် စိတ်ထားအရမ်းကို ဖြူစင်ပြီး အရမ်းကို ချစ်စရာကောင်းတဲ့ သူတစ်ယောက်ပါ။ မြန်မာနိုင်ငံကို ရောက်တဲ့ အချိန်ခဏလေးမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် မျက်ရည်ကျရလောက်အောင် အလှူအဒါန်းတွေများစွာပြုလုပ်ခဲ့ပြီး မြန်မာပရိသတ်တွေရဲ့ လေးစားခြင်းခံရတဲ့ LGBT မော်ဒယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

 

လက်ရှိမှာဆိုရင်လည်း Sinon က မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လက်ခံထားတာဖြစ်ပြီး ပရိသတ်တွေက Sinon ရဲ့ အိုက်တင်တွေကို မြင်တွေ့ရအုံးမှာပါ။ မြန်မာနိုင်ငံသားတစ်ယောက်မဟုတ်ပေမယ့် မြန်မာနိုင်ငံကြီးကို ချစ်တဲ့ Sinon ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားအတုယူဖွယ်ကောင်းပါတယ်။ မြန်မာနိုင်ငံကြီး ယခုထက်ပိုမိုလှပလာဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံးကြိုးစားပေးနေတဲ့ Sinon ရဲ့ စိတ်ထားလေးက အရမ်းကို ဖြူစင်လွန်းပါတယ်။

အခုလည်း ခင်လှိုင်တို့နဲ့အတူ ပုဂံကို အလည်သွားရောက်ရင်း ပုဂံကို ရောက်တော့ အမှိုက်တွေနဲ့ ရှုပ်ပွနေတဲ့ နေရာတစ်ခုကို ခင်လှိုင်တို့နဲ့အတူ ရှင်းလင်းနေတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ မြန်မာလူမျိုးတွေပိုင်တဲ့ မြန်မာ့မြေကို တိုင်းတစ်ပါးနိုင်ငံသားတစ်ယာက်ဖြစ်တဲ့ Sinon ချစ်တဲ့ စိတ်ဓာတ်လေးကတော့ ဗီဒီယိုလေးကို ကြည့်ရုံနဲ့တင် အတိုင်းသာပေါ်လွင်နေပါပြီ။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း အတုယူနိုင်ဖို့အတွက် Sinon နဲ့ ခင်လှိုင်တို့ရဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်နော်။

Source:Sinon Loresca

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ပုဂံမွာ ခင္လႈိင္တို႔နဲ႔အတူ ေလးစားစရာေကာင္းတဲ့ အလုပ္တစ္ခုလုပ္ခဲ့တဲ့ LGBT ေမာ္ဒယ္ Sinon Loresca ႐ုပ္သံ

ျမန္မာပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အပိုင္သိမ္းထားတဲ့ ဖိလစ္ပိုင္ LGBT ေမာ္ဒယ္ျဖစ္တဲ့ Sinon Loresca က ျမန္မာေတြခ်စ္ရေလာက္ေအာင္ စိတ္ထားအရမ္းကို ျဖဴစင္ၿပီး အရမ္းကို ခ်စ္စရာေကာင္းတဲ့ သူတစ္ေယာက္ပါ။ ျမန္မာႏိုင္ငံကို ေရာက္တဲ့ အခ်ိန္ခဏေလးမွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ဆင္းရဲႏြမ္းပါးသူေတြအတြက္ မ်က္ရည္က်ရေလာက္ေအာင္ အလႉအဒါန္းေတြမ်ားစြာျပဳလုပ္ခဲ့ၿပီး ျမန္မာပရိသတ္္ေတြရဲ႕ ေလးစားျခင္းခံရတဲ့ LGBT ေမာ္ဒယ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။

လက္ရွိမွာဆိုရင္လည္း Sinon က ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ လက္ခံထားတာျဖစ္ၿပီး ပရိသတ္ေတြက Sinon ရဲ႕ အိုက္တင္ေတြကို ျမင္ေတြ႕ရအုံးမွာပါ။ ျမန္မာႏိုင္ငံသားတစ္ေယာက္မဟုတ္ေပမယ့္ ျမန္မာႏိုင္ငံႀကီးကို ခ်စ္တဲ့ Sinon ရဲ႕ စိတ္ဓာတ္ကေတာ့ တကယ့္ကို ေလးစားအတုယူဖြယ္ေကာင္းပါတယ္။ ျမန္မာႏိုင္ငံႀကီး ယခုထက္ပိုမိုလွပလာဖို႔အတြက္ တစ္ေထာင့္တစ္ေနရာကေန အေကာင္းဆုံးႀကိဳးစားေပးေနတဲ့ Sinon ရဲ႕ စိတ္ထားေလးက အရမ္းကို ျဖဴစင္လြန္းပါတယ္။

အခုလည္း ခင္လႈိင္တို႔နဲ႔အတူ ပုဂံကို အလည္သြားေရာက္ရင္း ပုဂံကို ေရာက္ေတာ့ အမႈိက္ေတြနဲ႔ ရႈပ္ပြေနတဲ့ ေနရာတစ္ခုကို ခင္လႈိင္တို႔နဲ႔အတူ ရွင္းလင္းေနတဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြျမင္ေတြ႕ရမွာပါ။ ျမန္မာလူမ်ိဳးေတြပိုင္တဲ့ ျမန္မာ့ေျမကို တိုင္းတစ္ပါးႏိုင္ငံသားတစ္ယာက္ျဖစ္တဲ့ Sinon ခ်စ္တဲ့ စိတ္ဓာတ္ေလးကေတာ့ ဗီဒီယိုေလးကို ၾကည့္႐ုံနဲ႔တင္ အတိုင္းသာေပၚလြင္ေနပါၿပီ။ ဒီေတာ့ CeleZone ပရိသတ္ႀကီးလည္း အတုယူႏိုင္ဖို႔အတြက္ Sinon နဲ႔ ခင္လႈိင္တို႔ရဲ႕ ဗီဒီယိုေလးကို တင္ေပးလိုက္ပါတယ္ေနာ္။