ပထမဆုံး Soundtrack Album ထုတ်ဝေခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီး

Posted on

ဒါရိုက်တာ ဏကြီး ပုံဖော်ရိုက်ကူးထားတဲ့ မင်းသမီးပိုင်ဖြိုးသုရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပရိသတ်တွေ မေ့မယ် မထင်ပါဘူး။ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဇာတ်ကားကောင်တစ်ကားဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေ အပြင်းအထန်ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ မီ ဆိုတဲ့ ကောင်မလေးအသွင်နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးကို အသက်ဝင်စေခဲ့တဲ့ ပိုင်ဖြိုးသုရဲ့ သရုပ်ဆောင်ချက်တွေကလည်း ပရိသတ်တွေ အခုချိန်ထိ ချီးကျူးခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။

မီ ဇာတ်ကားကြီးကို သွားကြည့်ဖူးကြတဲ့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် မီ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Soundtrack တွေဟာလည်း ရုပ်ရှင်ကားတစ်ကားရဲ့ ရုပ်လုံးကို ပိုပြီးတော့ ကြွစေတဲ့ အရာတစ်ခုပါ။ မီကို အပြတ်အသတ်ဝန်းရံခဲ့ကြတဲ့ ပရိသတ်တွေအတွက် မီ ရုပ်ရှင်ဇာတ်ကားကြီးထဲက Soundtrack တွေကို တစ်စုတစ်စည်းထဲ နားထောင်နိုင်တော့မှာဖြစ်ပါတယ်။

မီ ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတွေ အကုန်လုံးကို ပရိသတ်တွေ ထပ်မံခံစားနားဆင်နိုင်ဖို့အတွက် Soundtrack Album ထွက်လာပြီဖြစ်ပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားကြီးကို အရူးအမူးကြိုက်ခဲ့တဲ့ ပရိသတ်တွေအတွက် ယခုဆိုရင် Soundtrack Album ကို ဆိုင်တွေမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့အကြောင်း ပိုင်ဖြိုးသုရဲ့ အသည်းကျော်လေးတွေအတွက် တင်ပေးလိုက်ပါပြီနော်။

Source:Paing Phyo Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



