သူ့ရဲ့ ပန်းချီကားလေးကို ဝယ်ယူပြီး ကိုဗစ်အတွက် လှူဒါန်းမှုမှာ ပါဝင်ခဲ့တဲ့ ပရိသတ်ကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ မိုးယုစံ

ပရိသတ်ကြီးရေ လတ်တလောမှာ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ အနုပညာရှင်တွေရဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာပန်းချီတွေကို လေလံတင်ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကို ကိုဗစ်ကုသရေးအတွက် လှူဒါန်းသွားဖို့အစီအစဉ်လေးကို ဆောင်ရွက်နေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ ဒီလို လေလံတင်ရောင်းချတဲ့ အနုပညာရှင်တွေထဲမှာ မိုးယုစံလည်းအပါအဝင်ပဲဖြစ်ပါတယ်။

မိုးယုရဲ့ ပန်းချီကားလေးကတော့ လက်ရှိမှာ ငွေ (၄သိန်းခွဲ)ကျပ်နဲ့ လေလံအောင်မြင်သွားခဲ့ပါတယ်။ မိုးယုရဲ့ ပန်းချီကားလေးကိုတော့ ဧရာဝတီတိုင်းက ပရိသတ်တစ်ဦးက ဝယ်ယူပြီး လှူဒါန်းမှုမှာပါဝင်ပေးခဲ့တာပဲဖြစ်ပါတယ်။ မိုးယုကတော့ “မိုးယုရဲ့ ပထမဆုံး ရောင်းရတဲ့ (Metaphor of life)ပန်းချီကားလေးကို ၄သိန်း၅သောင်းနဲ့ အလှူမှာပါဝင် လှူဒါန်းသွားတဲ့ ဧရာဝတီတိုင်းက အမည်မဖော်လိုသူ ပရိတ်သတ်တစ်ဦး အား အထူးကျေးဇူးတင်ရှိပါတယ်” ဆိုပြီး အခုလို သူ့ရဲ့ပန်းချီကားလေးကို ဝယ်ယူတဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ မိုးယုရဲ့ ဒီပန်းချီကားလေးကတော့ မိုးယုအတွက် တကယ်ကို တန်ဖိုးထားရတဲ့ ပန်းချီကားလေးဖြစ်ပြီး ခင်ပွန်းဖြစ်သူကဝယ်မယ်ဆိုတာတောင် မရောင်းနိုင်ခဲ့တဲ့ ပန်းချီကားလေးပါနော်။မိုးယုက အခုသူ့ရဲ့ပန်းချီကားလေးကိုဝယ်ယူသွားတဲ့ ပရိသတ်ကို သူ့ရဲ့ပန်ချီလေးနဲ့အတူတွဲရိုက်ထားတဲ့ ပုံလေးကို မြင်ချင်နေပါတယ်တဲ့။

Chilli – CeleZone
Source – Moe Yu San