အခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်တွေ လှူဒါန်းပေးလိုက်တဲ့ မျိုးစန္ဒီကျော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ ကိုဗစ်ကြောင့် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် အခြေခံစားသောက်ကုန်တွေနဲ့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။ ကိုဗစ်ကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ မိတ်ဆွေတွေက အကူညီတောင်းခံလာတာကြောင့် မျိုးစန္ဒီကျော်က လှူဒါန်းပေးခဲ့တာပါ။

မျိုးစန္ဒီကျော်က ကိုယ်တိုင်ဦးဆောင်ပြီး ရင်းနှီးတဲ့ မိတ်ဆွေနဲ့အတူ စုပေါင်းပြီး မြောက်ဒဂုံမြို့နယ် (၅၁)ရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု (၃၀)စာအတွက် ဆန် ၊ ဆီ၊ ကြက်ဥ ၊ မျက်နှာသစ်ဆပ်ပြာ၊အဝတ်လျော်ဆပ်ပြာ ၊ ခြင်ဆေးခွေ၊ ခေါင်းလျော်ရည် ၊ ဘီစကစ်မျိုးစုံ တို့ကိုတတ်နိုင်သလောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မျိုးစန္ဒီကျော်က ကိုယ်ဦးစီးပြီး လှူဒါန်ူခွင့်ရခဲ့တဲ့ ဒီအလှူလေးအတွက် ပီတိဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့လှူဒါန်းမှုလေးကို အခုလို ဖြစ်မြောက်အောင် ပါဝင်လှူဒါန်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းသင်းတွေကိုလည်း မျိုးစန္ဒီကျော်က ကျေးဇူးတင်ကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ မျိုးစန္ဒီကျော်တို့ရဲ့ အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Myo Sandy Kyaw