လိုချင်တာမရလို့ နှုတ်ခမ်းလေးဆူကာ ချစ်ဖေဖေကိုစိတ်ကောက်နေတဲ့ သမီးလေးရဲ့ ချစ်စရာဗီဒီယိုလေးတင်လိုက်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ အေးချမ်းတဲ့ မိသားစုလေးနဲ့အတူ သာယာလှပတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချစ်စရာသမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး အနုပညာအလုပ်တွေလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ ဒါ့အပြင် စန္ဒီမြင့်လွင်ကTreasureလေးနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။

ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ခဲ့ပြီးချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ သူမရဲ့ သမီးလေးကတော့ အသည်းယားစရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကိုတော့ ကြည်နူးအားကျနေကြတာလည်းဖြစ်ပါတယ် ။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေပါမက သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အမြဲဆိုသလိုဖော်ပြလေ့ရှိသူလေးလည်းဖြစ်ပါတယ် ။အခုလည်း လိုချင်တာမရလို့ ဂျီကျကာ စိတ်ကောက်နေတဲ့ သမီးလေးကို သဘောတွေကျကာ ဗီဒီယိုလေးရိုက်ကာ ဖော်ပြထားတာတွေ့ရပြီး ဗီဒီယိုလေးထဲမှာ ထရက်ရှာလေးတစ်ယောက် အရမ်းချစ်စရာကောင်းသလို တစ်နေ့တစ်ခြားအရမ်းတတ်ပြီး အသည်းယားစရာကောင်းနေတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

https://www.instagram.com/p/CG4A3cDBLXf/?igshid=1guh5k7brahhn

Yuan  – Cele Zone

Photo – Thiha Lwin

( ဇော်ဂျီဖြင့်ဖတ်ရန်)





Yuan  – Cele Zone

Photo – Thiha Lwin