မုန့်ဟင်းခါး ချက်ကျွေးနေတဲ့ ချစ်ဇနီးလေး ခရစ္စတီးနားခီ ကို ကျီစယ်လိုက်တဲ့ ဇာဏ်ခီ

Posted on

ရုပ်ရှင်လောကထဲကို ခပ်သွက်သွက်ခြေလှမ်း လက်ရာမြောက်တဲ့ ဖန်တီးမှုတွေနဲ့ ဝင်‌ရောက်လာခဲ့တဲ့ ခီမောင်နှံကတော့ ရုပ်ရှင်လောကကို ပြောင်းလဲမှုတွေ ယူဆောင်လာသူတွေလိုတောင် ပရိသတ်တွေက မှတ်ချက်ပေးရတဲ့ စုံတွဲလေးပါ။ မင်းသားဖြစ်တဲ့ ဇာဏ်ခီကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဘက်စုံထူးချွန်တဲ့ မင်းသားတစ်ဦး ပါ။

လက်ရှိမှာတော့ ခီမောင်နှံရိုက်ကူးထားတဲ့ ရိုက်ကူးထားတဲ့ Now and Ever ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ရှေ့မှာထွက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားလုံးကလည်း ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးမှုတွေကို ရရှိထားတဲ့ အတိုင်း ယခုထွက်ရှိလာတဲ့ Now and Ever ရုပ်ရှင်ဇာတ်ကားကြီးကလည်း ခီမောင်နှံအတွက်ရင်ခုန်စရာရုပ်ရှင်ဇာတ်ကားကြီး ဖြစ်လာခဲ့ပါတယ်။

ယောကျာ်းဖြစ်သူကို မုန့်ဟင်းခါး ချက်ကျွေးနေတဲ့ ဇနီးလေးကို ဇာဏ်ခီက စကားလေးတစ်ခွန်းနဲ့ ကျီစယ်ပြီး အချစ်ပိုနေတဲ့ ခီမောင်နှံတို့ အတွဲလေးက ပရိသတ်တွေအမြင်မှာတော့ ကြည်နူးစရာလေးဖြစ်နေမှာပါ။ “မနက်ဖြန်ရုပ်ရှင်ပြပြီဆိုတော့ ကြောက်ကြောက်နဲ့ အိမ်ဦးနတ်အတွက် မွင်းခါးတွေချက်နေလေရဲ့.. ” ဆိုပြီး ချစ်ဇနီး‌လေး မုန့်ဟင်းခါးချက်နေတဲ့ ပုံလေးတွေနဲ့ စနောက်ထားတာကို Celezoneပရိသတ်ကြီးအတွက် ကြည်နူးမှုတွေကူးစက်စေဖို့တင်ပေးလိုက်ပါတယ်နော်။

Source:Zenn Kyi

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



