ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့တစ်ချိန်ကသီချင်းလေးကို စင်ပေါ်မှာ အတူတူသီဆိုနေကြတဲ့ သြရသနဲ့ အေသင်ချိုဆွေ

Posted on

တစ်ချိန်ကပရိသတ်တွေအရမ်းကိုသဘောကျခဲ့တဲ့ သြရသနဲ့ အေသင်ချိုဆွေတို့ရဲ့ ” နီးရက်နဲ့ဝေး ” သီချင်းလေးကို နှစ်ယောက်အတူတူစင်ပေါ်မှာပြန်လည်ဖျော်ဖြေနေတဲ့ ပုံရိပ်လေးကို အေသင်က သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက် တာပဲဖြစ်ပါတယ်။ Sam Sam ရဲ့ Light Album Promotion ပွဲလေးမှာ နှစ်ယောက်သားဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ဒီသီချင်းလေးကြားရင် ပြီးခဲ့တဲ့ခုနှစ်တွေဆီကို စိတ်ကပြန်ရောက်သွားမှာတော့ အသေအချာပါပဲ။

Single Mother အဖြစ်နဲ့ သမီးလေးကိုအကောင်းဆုံးပျိုးထောင်ပေးနေတဲ့ အေသင့်ရဲ့မိခင်မေတ္တာ ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သတ္တိရှိတဲ့မိခင်ကောင်းတစ်ယောက်အဖြစ်နဲ့ သမီလေးအတွက် မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ သူမရဲ့ဘဝကိုလည်း သူမကအတော်လေးကျေနပ်နေခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူမကိုချစ်ခင်အားပေးပြီး သူမရဲ့သီချင်းတွေဟာလည်း လက်ရှိအချိန်ထိ အောင်မြင်နေဆဲပါပဲ။

သြရသနဲ့နှစ်ယောက်အတူဖျော်ဖြေနေတဲ့ပုံရိပ်လေးတွေကို ” ကိုကြီး ဩရသ‌ နှင့် အတူတူ ဆိုရင် ဘာသီချင်းဖြစ်မယ် ထင်လဲ ပရိသတ်ကြီးရေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း သီချင်းလေးနာမည်နဲ့ စာသားတွေကို မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ပရိသတ်ကြီးရော ဒီသီချင်းလေးကို သဘောကျခဲ့ဖူးလား။

Photo – Athen Cho Swe
ံHappy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Athen Cho Swe
ံHappy – Cele Zone