ဒီတစ်ခေါက်တော့ဒါရိုက်တာကြီးက သေနတ်နဲ့မပစ်ဘူးဆိုပြီး ယုန်လေးကိုအရွှန်းဖောက်လိုက်တဲ့ ထက်အောင်ရှိုင်း
Posted on
ယုန်လေးရိုက်ကူးတဲ့ MTV Shooting တစ်ခုမှာ ထက်အောင်ရှိုင်းကပါဝင်သရုပ်ဆောင်ရပြီး ရိုက်ကွင်းမှာ Fight ခန်းတွေမပါတဲ့အကြောင်းကို ခပ်နောက်နောက်လေးအရွှန်းဖောက်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲလိုလို ဂန်းစတား ဇာတ်ကားတွေရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတိုင်းလိုလိုမှာ သေနတ်တွေပစ်ခတ်တတ်တဲ့ ယုန်လေးရဲ့ဖန်တီးမှုကိုလည်း ပရိသတ်တွေသဘောကျခဲ့ပါတယ်။
Ro ဆန်ဆန်ရိုက်ကူးထားတဲ့ ဒီ MTV လေးမှာတော့ အပစ်အခတ်တွေမပါဝင်ပဲ ရိုးရိုးလေးနဲ့ Ro ဆန်ဆန်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ထက်အောင်ရှိုင်းဟာလည်း ပျိုပျိုမေတို့ရဲ့အသည်းကျော် မော်ဒယ်သရုပ်ဆောင်လေးဖြစ်ပြီး ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ခုကိုလည်း ပရိသတ်တွေက သဝန်တိုပြီး ပြောခဲ့တာကြောင့် အလုပ်သဘောအရဖြစ်ပြီး တကယ်ထိတာ မဟုတ်ကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။
ရိုက်ကွင်းပုံရိပ်လေးတွေကို ” Today MTV shooting ဒီမှာတော့ဒါရိုက်တာကြီးက သေနတ်နဲ့မပစ်ဘူး တော်သေးတယ် ” ဆိုပြီး ဒါရိုက်တာယုန်လေးကို နောက်ပြောင်ပြီးဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ယုန်လေးကို ခင်မင်သူတွေက အမြဲတမ်းစနောက်ပြီး ယုန်လေးကိုယ်တိုင်လည်း ရယ်ရယ်မောမောနဲ့တုန့်ပြန်လေ့ရှိပါတယ်။
Photo – Htet Aung Shine
ံHappy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Htet Aung Shine
ံHappy – Cele Zone