အကြမ်းစားမိတ်ကပ်ပြင်ဆင်မှုတွေနဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေပေါင်းစပ်ထားတဲ့ စမိုင်းလ် သမီးငယ်လေးရဲ့ Tik Tok

Posted on

ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့စမိုင်းလ်ကတော့ သမီးငယ်လေးရဲ့ အမိုက်စားသရုပ်ဆောင် ချက်တွေနဲ့ပြင်ဆင်မှုတွေကို လူမှုကွန်ယက်မှာ ချပြလိုက်တာပဲဖြစ်ပါတယ်။ မေမေ့သွေးပါတဲ့သမီးဆိုတော့ အနုပညာ ပိုးလေးတော့ ပါတာပေါ့နော် ကိုယ်တိုင်မိတ်ကပ်ခြယ်ပြီး ကပ်ကြေးတစ်လက်ကိုင်ကာ အထာကျကျသရုပ်ဆောင်နေတဲ့ ကလိုဝီလေးကတော့ အမေ့ခြေရာကို အပြည့်အဝနင်းမယ့်သမီးလေးလားဆိုတာတော့ ရင်ခုန်စွာစောင့်ကြည့်ရမှာပေါ့နော်။

ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ပျိုးထောင်ထားတဲ့စမိုင်းလ်နဲ့ မိသားစုကိုအကောင်းမွန်ဆုံး စောင့်ရှောက်ပေးနေ တဲ့ သူမရဲ့ခင်ပွန်းတို့ရဲ့ အရိပ်အောက်မှာ သမီးလေးနှစ်ယောက်ဟာ ပျော်ရွှင်အေးချမ်းစွာနဲ့ ဖေဖေမေမေတို့ရဲ့ချစ်ခြင်း မေတ္တာတွေကို အပြည့်အဝရရှိနေခဲ့ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးဟာ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့နေခဲ့ တာပဲဖြစ်ပါတယ်။

သမီးလေးရဲ့ Tik Tok လေးကို ” အိုက်တင်တွေက စမိုင်းမူးလဲပါအေ ” ဆိုပြီး ခပ်နောက်နောက်လေး ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အမေ့ခြေရာနင်းမယ့်သမီးလေးဆိုတော့ ဒီလောက်တော့ ပိုင်နိုင်ရမှာပေါ့နော်။ ချစ်စရာကလိုဝီလေးရဲ့ အမိုက်စားပြင်ဆင်မှုနဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Video / Photo – စမိုင်းလ် Smile
ံHappy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အၾကမ္းစားမိတ္ကပ္ျပင္ဆင္မႈေတြနဲ႔ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြေပါင္းစပ္ထားတဲ့ စမိုင္းလ္ သမီးငယ္ေလးရဲ႕ Tik Tok ”

ခ်စ္စရာေကာင္းတဲ့သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့စမိုင္းလ္ကေတာ့ သမီးငယ္ေလးရဲ႕ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ ေတြနဲ႔ျပင္ဆင္မႈေတြကို လူမႈကြန္ယက္မွာ ခ်ျပလိုက္တာပဲျဖစ္ပါတယ္။ ေမေမ့ေသြးပါတဲ့သမီးဆိုေတာ့ အႏုပညာပိုးေလးေတာ့ ပါတာေပါ့ေနာ္ ကိုယ္တိုင္မိတ္ကပ္ျခယ္ၿပီး ကပ္ေၾကးတစ္လက္ကိုင္ကာ အထာက်က်သ႐ုပ္ေဆာင္ေနတဲ့ ကလိုဝီေလးကေတာ့ အေမ့ေျခရာကို အျပည့္အဝနင္းမယ့္သမီးေလးလားဆိုတာေတာ့ ရင္ခုန္စြာေစာင့္ၾကည့္ရမွာေပါ့ေနာ္။

ေပ်ာ္စရာေကာင္းတဲ့မိသားစုဘဝေလးကို ပ်ိဳးေထာင္ထားတဲ့စမိုင္းလ္နဲ႔ မိသားစုကိုအေကာင္းမြန္ဆုံး ေစာင့္ေရွာက္ေပးေနတဲ့ သူမရဲ႕ခင္ပြန္းတို႔ရဲ႕ အရိပ္ေအာက္မွာ သမီးေလးႏွစ္ေယာက္ဟာ ေပ်ာ္႐ႊင္ေအးခ်မ္းစြာနဲ႔ ေဖေဖေမေမတို႔ရဲ႕ခ်စ္ျခင္းေမတၱာေတြ ကို အျပည့္အဝရရွိေနခဲ့ပါတယ္။ ၾကည္ႏူးစရာေကာင္းတဲ့ မိသားစုေလးဟာ အၿမဲတမ္းေပ်ာ္႐ႊင္ခ်မ္းေျမ့ေနခဲ့တာပဲျဖစ္ပါတယ္။

သမီးေလးရဲ႕ Tik Tok ေလးကို ” အိုက္တင္ေတြက စမိုင္းမူးလဲပါေအ ” ဆိုၿပီး ခပ္ေနာက္ေနာက္ေလး ေရးသားေဖာ္ျပခဲ့တာ ပဲျဖစ္ပါတယ္။ အေမ့ေျခရာနင္းမယ့္သမီးေလးဆိုေတာ့ ဒီေလာက္ေတာ့ ပိုင္ႏိုင္ရမွာေပါ့ေနာ္။ ခ်စ္စရာကလိုဝီေလးရဲ႕ အမိုက္စား ျပင္ဆင္မႈနဲ႔ သရုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ၾကီးအတြက္ တင္ဆက္ေပးလိုက္ျပီေနာ္။

Video / Photo – စမိုင္းလ္ Smile
ံHappy – Cele Zone