ခက်ခဲတဲ့အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ်ကြိုးစားပြီးသီဆိုနေတဲ့သမီးငယ်လေးကြောင့် အံ့သြတကြီးဖြစ်ခဲ့ရတဲ့ စမိုင်းလ်
Posted on
စမိုင်းလ်ရဲ့ချစ်စဖွယ်သမီးငယ်လေး ကလိုဝီတစ်ယောက် English Language ကို ကျွမ်းကျင်ပိုင်နိုင်သူပီပီ ခက်ခဲတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ်အခါခါ ကြိုးစားပြီး ပြန်လည်သီဆိုနေတဲ့ Tik Tok Video လေးကို မေမေစမိုင်းလ် တစ်ယောက် အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ ချစ်သမီးလေးသီချင်းဆိုတတ်တာကိုလည်း သူမကအခုမှသိတယ်လို့ဆိုပါတယ်။
ကလေးငယ်လေးတွေတိုင်းမှာ လူကြီးတွေသတိမပြုမိတဲ့ ထူးခြားတဲ့အရည်အချင်းတွေစွမ်းရည်တွေ ရှိနေတတ်ပါတယ်။ ဒါကိုသတိထားပြီးဖော်ထုတ်ပေးဖို့ကတော့ အုပ်ထိန်းသူတွေရဲ့တာဝန်ပါပဲနော်။ ချစ်စရာသမီးလေးရဲ့ သီချင်းဆိုစွမ်းရည်ကို တေ့ာ မေမေစမိုင်းလ်တစ်ယောက် လူမှုကွန်ယက်မှာ ဝေမျှလိုက်ပြီးနောက် ကလိုဝီလေးကိုချီးကျူးသူတွေအများအပြား ရှိခဲ့ပါတယ်။
ကလိုဝီရဲ့ Video လေးကို ” သမီးလေးသီချင်းဆိုတတ်တာခုမှသိတယ် ” ဆိုပြီး မေမေစမိုင်းလ်တစ်ယောက် ဝေမျှထားတာ ပဲဖြစ်ပါတယ်။ အမေ့ခြေရာနင်းမယ့်သမီးလေးက အနုပညာသွေးအပြည့်ပါပုံရပါတယ်ပရိသတ်ကြီးရေ။ မရရအောင်ကြိုးစား ပြီးသီဆိုနေတဲ့ ကလိုဝီလေးရဲ့ ဇွဲနဲ့ဝီရိယကတော့ ချီးကျူးစရာပဲနော်။
Video / Photo – စမိုင်းလ် Smile
ံHappy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
ံHappy – Cele Zone