ဒူးနာနေလို့တုတ်ကောက်ဝယ်ပေးတာကို အဘွားကြီးနဲ့တူလို့မကိုင်ချင်ဘူးဆိုတဲ့ စမိုင်းလ်ရဲ့အဘွား ဒေါ်ခင်လေးဆွေ

Posted on

အသက် (၈၈) နှစ်ရှိပြီဖြစ်ပေမယ့် အသက်အရွယ်နဲ့မလိုက်အောင် ကျန်းမာနုပျိုနေတဲ့ တစ်ချိန်က မင်းသမီးကြီး ဒေါ်ခင်လေးဆွေတစ်ယောက် ချစ်ရတဲ့မြေးတွေမြစ်တွေနဲ့ ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေရတာ တကယ့်ကိုအိုဇာတာ ကံကောင်းလွန်းပါတယ်။ အဘွားကိုသိပ်ချစ်ပြီး တန်ဖိုးထားတဲ့ မြေးမလေးကလည်း အဘွားလိုလေးသေးမရှိအောင် ပြုစုပေးပါသေးတယ်။ ချစ်စရာကောင်းတဲ့ မြစ်လေးတွေနဲ့ အတူတူနေရတာဆိုတော့ ဘွားဘွားက ပြုံးပျော်လို့နေပါတယ်။

အသက်အရွယ်က စကားပြောလာပြီမို့ ဇရာကအာဏာပြလာတဲ့အချိန်မှာ အဘွားကလည်း ဒူးမကောင်းတဲ့ဝေဒနာခံစားရပါ တော့တယ်။ လမ်းလျှောက်ရတာအဆင်ပြေအောင်ဆိုပြီး စမိုင်းလ် တစ်ယောက် အဘွားဖြစ်သူကို တုတ်ကောက် တစ်ချောင်းဝယ်ပေးခဲ့ပါတယ်။ ဒီတုတ်ကောက်ကိုကြည့်ပြီး အဘွားကြီးတုတ်ကောက်နဲ့တူတယ်ဆိုပြီး သူနဲ့မကိုက်ဘူးလို့ ဆိုခဲ့ပါသတဲ့ ပရိသတ်ကြီးရေ။

ဒီအကြောင်းလေးကို စမိုင်းလ်က ” ဒူးမကောင်းလို့ဒုတ်ကောက်ဝယ်ပေးတာကို အဖွားကြီးနဲ့တူလို့ မယူချင်ဘူးဆိုတော့ အဖွားကအခုငယ်သေးတယ်လို့ကွကိုယ်ထင်နေတုန်းပေါ့ ” ဆိုပြီး ခပ်နောက်နောက်လေးတင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မြေးမလေးရဲ့ ဆေးထိုးတာခံလိုက်ရတဲ့ ချစ်စရာအဘွားပေါ့နော်။

Photo – စမိုင်းလ် Smile
ံHappy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – စမိုင်းလ် Smile
ံHappy – Cele Zone