အလုပ်ကိစ္စတွေကြောင့် အတူမရှိတဲ့အချိန်တွေမှာတောင် ချစ်သူလေး အဆင်ပြေစေဖို့ ဆုတောင်းပေးတယ်ဆိုတဲ့ ထွန်းထွန်း
Posted on
နတ်ဖက်တဲ့စုံတွဲလေးအရမ်းကိုလိုက်ဖက်ညီပြီးတော့ ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ရရှိထားသူလေးတွေကတော့ ထွန်းထွန်းတို့စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာဆိုရင် မကြာခင်ရက်ပိုင်းကပဲ သူတို့ရဲ့ နှစ်ပတ်လည်နေ့လေးကိုအတူတူဖြတ်သန်းခဲ့ကြပါသေးတယ်။ ထွန်းထွန်းရဲ့ ချစ်သူကောင်မလေးရဲ့ မွေးနေ့နဲ့ Anniနေ့လေးဟာလည်းတစ်ရက်တည်းဖြစ်လို့ နှစ်ဦးစလုံးပျော်ရွှင်နေခဲ့ကြရပါတယ်။
သံယောဇဉ်တွေ နားလည်မှုတွေနဲ့ သူတို့ရဲ့ နှလုံးသားတွေကို ချည်နှောင်ကာ လက်တွဲတွေခိုင်မြဲနေခဲ့ကြတဲ့အတွက် သူတို့Relationshipလေးဟာ အရမ်းပဲသာယာလို့နေခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတဲ့အချိန်လေးတွေမှာလည်း ယုံကြည်မှုတွေအပြည့်ပေးထားပြီး နှစ်ယောက်အတူတူကြိုးစားနေခဲ့ကြတာကြောင့် ပရိသတ်တွေက သူတို့စုံတွဲလေးကို အားကျအချစ်ပိုနေရပါတယ်။ အခုလည်း ထွန်းထွန်းဟာ သူ့ရဲ့ချစ်သူလေးနဲ့ ပတ်သတ်ပြီး ခံစားချက်လေးအချို့ကို ရင်ဖွင့်ပြခဲ့ပြန်ပါတယ်။
” သူမရဲ့အပြုံးလေးကို အမြဲတမ်းမြင်ချင်တယ်… အရမ်းချစ်တယ် ချစ်သူလေးရေ… အနားနားမှာ အတူတူရှိနေချိန်တွေတိုင်း သူမပျော်ရွှင်နေအောင် ဂရုစိုက်သလို အလုပ်ကိစ္စတွေကြောင့် အတူမရှိရတဲ့ခဏတွေမှာ အရာရာအဆင်ပြေအောင် ဆုတောင်းပေးနေပါတယ် ” လို့ဆိုကာ ချစ်သူလေးအ‌ေပါ်မှာထားရှိတဲ့ သူ့ရဲ့ ခံစားချက်‌ေလးတွေကိုပြောပြခဲ့ပါတယ်။ Roဆန်ဆန်စာသားလေးတွေနဲ့ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို လူမှုစာမျက်နှာပေါ်မှာရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ဒီလိုနားလည်မှုတွေအပြည့်နဲ့ တစ်ယောက်အတွက်တစ်ယောက်အမြဲတမ်းစဉ်းစားပြီး ဦးစားပေးတတ်တဲ့ ထွန်းထွန်းတို့လို့ Relationshipလေးကို ပရိသတ်တို့ကော မပိုင်ဆိုင်ချင်ကြဘူးလားနော်….
Source : Htin Aung Tun
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)