အိမ်မှာ သားသမီးတွေနဲ့အတူကျန်ခဲ့တဲ့ ချစ်ဇနီးလေးစန္ဒီချိုလေးကို အဝေးကနေပြီးတော့ အလွမ်းသယ်လို့မ၀ဖြစ်နေတဲ့ နိုင်နိုင်း

Posted on

မိသားစုအပေါ်ကို အရမ်းချစ်ပြီးအရမ်းလည်းဂရုစိုက်တဲ့ မင်းသားချောနိုင်နိုင်းဟာဆိုရင် ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါနော်။ နှစ်တွေကြာခဲ့တာတောင်မှ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေဟာ နည်းနည်းလေးတောင်လျော့မသွားခဲ့ပါဘူး။ လက်ရှိအချိန်ထိလည်း နိုင်နိုင်းဟာ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေဆဲဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်းရိုက်ကူးလျက်ရှိပါတယ်နော်။

သူပါ၀င်သရုပ်ဆောင်ထားတဲ့ ကမ္ဘာနှစ်ထပ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း မကြာသေးခင်က ရုံတင်ပြသခဲ့ပါသေးတယ်။ သူဟာ အနုပညာအလုပ်တွေတစ်ဖက်နဲ့ဆိုပေမယ့် မိသားစုကိုအချိန်ပေးတတ်တဲ့ ဖခင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ နိုင်နိုင်းတို့မိသားစုလေးဟာ နယူးရောက်ခ့် မြို့မှာနေထိုင်နေကြတာပဲဖြစ်ပြီးတော့ ဖေဖေနိုင်နိုင်း အနုပညာအလုပ်တွေလုပ်တဲ့အခါမှာတော့ မြန်မာပြည်ကို ခဏပြန်လာနေရပြီး မိသားစုနဲ့ ခေတ္တခွဲနေရတာပဲဖြစ်ပါတယ်။

အခုလည်း နိုင်နိုင်းဟာ အလုပ်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိနေခဲ့တာပဲဖြစ်တာကြောင့် ချစ်ဇနီးနဲ့ သားသမီးလေးတွေကို အရမ်းပဲလွမ်းနေခဲ့ရပါတယ်။ ဒါကြောင့် ချစ်ဇနီးလေးနဲ့ viberထဲမှာ နှစ်ယောက်သားအလွမ်းသယ်မ၀နိုင်ဖြစ်နေခဲ့ပြီးတော့ ချစ်ဇနီးလေး စန္ဒီချိုက သူမကိုလွမ်းလို့နေတဲ့ ချစ်ခင်ပွန်းရဲ့ ကြည်နူးဖွယ်စကားလေးတွေကို screenshotရိုက်ပြီး သူမရဲ့လူမှုစာမျက်နှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… အနားမှာရှိတဲ့အချိန်တွေမှာလည်း မိသားစုအပေါ်ကို ကြင်ကြင်နာနာနဲ့ အချစ်တွေပေးနေခဲ့ပြီး ခဏလေးခွဲရတဲ့အခါမှာလည်း သတိတရနဲ့လွမ်းမ၀ဖြစ်နေတဲ့ နိုင်နိုင်းတို့ရဲ့ အိမ်ထောင်ရေးလေးဟာ အရမ်းပဲအားကျစရာကောင်းလို့ မနေဘူးလား ချစ်ပရိသတ်တို့ရေ…

Source : စန္ဒီချို
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)


 


