အလုပ်တစ်ဖက်နဲ့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း ဗီတာမင်တုံးလေးကိုမြင်လိုက်တာနဲ့ ပျောက်သွားတယ်ဆိုတဲ့ စန္ဒီမြင့်လွင်
Posted on
ဒီးဒီလို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ အခုအချိန်မှာအရမ်းကို ချစ်ဖို့ကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့မိခင်လေးတစ်ယောက်ဖြစ်လို့နေပါပြီနော်။ သူမဟာ သူမအပေါ်အရမ်းချစ်ပြီး အရမ်းဂရုစိုက်တဲ့ ချစ်ခင်ပွန်းရယ်၊ ချစ်စရာအရမ်းကောင်းတဲ့ သမီးTreasure လေးရယ်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုလေးကို တည်ဆောက်လို့ထားပါတယ်။
ပါးဖောင်းဖောင်း လုံးလုံးကျစ်ကျစ်လေးနဲ့ သူမရဲ့ သမီးလေးဟာ အမေတူသမီးလေးလည်းဖြစ်တာကြောင့် ချစ်စရာလည်းအရမ်းကောင်းပြီး မြင်သူတိုင်းက ချစ်မ၀ကြပါဘူးသူမဟာ သမီးလေးကို သိပ်ချစ်လွန်းတာကြောင့် အခုကတည်းက သမီးလေးရဲ့ ရှေ့ရေးအတွက်ကြိုတင်တွေးကာ အလုပ်တွေပိုမိုကြိုးစားလို့နေခဲ့ပါတယ်။ ချစ်စရာအ‌ရမ်းကောင်းတဲ့ သမီးလေးအနားမှာ အချိန်ပြည့်နေချင်ပေမယ့် သမီးလေး‌ေရှ့‌ေရးအတွက် အလုပ်တွေပိုလုပ်နေတာဖြစ်ကြောင်းကိုလည်း ပရိသတ်တွေကိုရင်ဖွင့်ပြောပြခဲ့ပါ‌ေသးတယ်။
” သမီးလေးအနားမှာ အချိန်ပြည့်နေပြီး တစိမ့်စိမ့်ကြည့်နေချင်ပေမယ့်လည်း သမီးလေး ဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့ ဒီးဒီအလုပ်တွေ ပိုကြိုးစားနေပါတယ်။ ဒီထက်လည်း အများကြီး ပိုကြိုးစားရဦးမှာပါ။ “ဆိုပြီးပြောပြခဲ့တာပဲဖြစ်ပါတယ်။ ပြီးတော့ သူမအတွက် သမီးလေးက အားဆေးတစ်ခွက်လေးတစ်ခွက်ဆိုတာကို
“အလုပ်တစ်ဖက်၊ သမီးလေးတစ်ဖက်နဲ့ ဘယ်လောက်ပင်ပန်းပင်ပန်း ဒီဗီတာမင်တုံးလေးကို မြင်လိုက်တာနဲ့ ချက်ချင်းပျောက်သွားတာပဲ။ “လို ပြောခဲ့ပြန်ပါတယ်။ ကဲ… လသားအရွယ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အ၀ရရှိထားတဲ့ သမီးလေးTreasureရဲ့ အသည်းယားစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…
Source : Sandy Myint Lwin
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)