မေးစေ့လေးမှာပေနေတဲ့အထိ ဖေဖေနဲ့အပြိုင် Sunkistသီး‌‌ေလး လိုက်စားနေတဲ့ Peachလေး

Posted on

မေမေသင်ဇာနွယ်၀င်းရဲ့ အချစ်တော်လေးဖြစ်တဲ့ သားလေးPeachလေးဟာ အရွယ်လေးနဲ့မလိုက်အောင် ချစ်စရာကောင်းလွန်းတဲ့ကလေးလေးတစ်ယောက်ပါနော်။ သင်လွယ်တတ်လွယ်နဲ့ မျက်နှာလည်းအရမ်းချိုတာကြောင့် ချစ်လွန်းလို့ဆိုပြီး ၀န်းရံအားပေးတဲ့ ပရိသတ်တွေများစွာလည်း ရှိလို့နေခဲ့ပါတယ်။

သားPeachလေးဟာ ဖေဖေ မေမေတို့ရဲ့စကားကိုလည်း အရမ်းနားထောင်ပြီးတော့ လူလည်လည်းကျတတ်ပါသေးတယ်။သားလေးရဲ့ ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်း ဖေဖေနဲ့မေမေက လူမှုစာမျက်နှာပေါ်မှာမကြာခဏဆိုသလိုမျှဝေပေးတတ်တာကိုလည်းတွေ့ရပါတယ်။ သားPeachလေးဟာ မကြာခင်မှာ ညီလေး (ဒါမှမဟုတ်) ညီမလေးကို ပိုင်ဆိုင်ရတော့မှာပဲဖြစ်ပြီးတော့ မေမေသင်ဇာနွယ်၀င်းဟာ ဒုတိယမြောက်ကိုယ်၀န်လေးကို လွယ်ထားရပြီပဲဖြစ်ပါတယ်။

အခုလည်း မိသားစုသုံးယောက်သား ‌အိမ်မှာပျော်ပျော်ရွှင်ရွှင်လေး Sunkistသီးအတူတူစားနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေထားခဲ့တာတွေ့ရပါတယ်။ ဖေဖေနဲ့အပြိုင် Sunkistသီးအစိတ်လေးတွေကို စိတ်ကြိုက်လိုက်စားရင်း ပျော်နေတဲ့ Peachလေးတို့ သားအဖနှစ်ယောက်ကြောင့် မေမေသင်ဇာနွယ်၀င်းလည်းပျော်ရွှင်ခဲ့ရပါတယ်။ ကဲ… မေးစေ့လေးတွေမှာပါ‌ပေကျံတဲ့အထိ Sunkistသီးလေးတွေကို အားရပါးရ အရသာရှိရှိစားနေတဲ့ Peachလေးနဲ့ ဖေဖေတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။

Source : Steven Hla
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

မေးစေ့လေးမှာပေနေတဲ့အထိ ဖေဖေနဲ့အပြိုင် Sunkistသီး‌‌လေး လိုက်စားနေတဲ့ Peachလေး

 



