ပဲရစ်ကိုသွားခဲ့တဲ့ခရီးစဉ်အစအဆုံးကို စိတ်ဝင်စားဖွယ် Video လေးနဲ့ဖော်ပြလိုက်တဲ့ စူပါမော်ဒယ် Mဆိုင်းလု
Posted on
ထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Mဆိုင်းလုဟာ ကြွေချင်စရာကောက်ကြောင်းတွေနဲ့ ဆွဲဆောင်မှုတွေအပြည့်ရှိတဲ့ သူမရဲ့ချစ်စဖွယ်မျက်နှာလေးကြောင့် ပုရိသတို့ရဲ့ဝန်းရံမှုကို အပြည့်အဝရရှိထားသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲတမ်း Fashion ကျကျဝတ်တတ်ပြီး သူမရဲ့အမိုက်စားအပြင်အဆင်တွေဟာ မြင်သူတိုင်းကိုဆွဲဆောင်နိုင်လွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ Paris Fashion Week ကို သွားရောက်ခဲ့တဲ့ သူမရဲ့ခရီးစဉ်မှာ သူမရဲ့လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ထားပြီး Vlog လေးတစ်ခုပြုလုပ်ကာ ပရိသတ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။ ခင်မင်ရသူတွေနဲ့သွားရတဲ့ခရီးလောက်ပျော်စရာ ကောင်းတာမရှိတော့ပါဘူး။ ဆိုင်းလုတစ်ယောက် ဒီခရီးလေးမှာ အရမ်းကိုပျော်နေခဲ့တယ်ဆိုတာတေ့ာ Video လေး ကြည့်ရင်သိနိုင်ပါတယ်။
လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ရိုက်ကူးတာမတွေ့ရသေးပဲ သူမရဲ့ Professional ဖြစ်တဲ့ Model အလုပ် ကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်နေပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှတရားတွေဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး တောက်ပလာခဲ့တာမို့ အားပေးသူပရိသတ်တွေလည်း များပြားလာတာတော့ အမှန်ပါပဲ။ ဆိုင်းလုရဲ့ ရင်ခုနု်ချင်စရာ Vlog လေးကို တင်ဆက်ပေးလိုက်ပြီနော်။
Photo – M Seng Lu
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – M Seng Lu
Happy – Cele Zone