အူတက်အောင်ရယ်နေရတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ရဲ့ ဟာသ Video အသစ်
Posted on
ကိုယ်တိုင်လည်းပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကိုလည်းပျော်အောင်ဖန်တီးပေးတတ်တဲ့ ချစ်စရာသူငယ်ချင်း သုံးယောက်ရဲ့ ဟာသ Video အသစ်လေးကို BFF သုံးယောက်က ဖန်တီးပေးလိုက်ပါပြီပရိသတ်ကြီးရေ။ သရုပ်ဆောင်ပီပြင် ကြပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုကိုယ်စီနဲ့ရပ်တည်နေကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး တို့သုံးယောက်သား တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ ဒီ Video လေးက တကယ့်ကိုဟာသမြောက်လွန်းပါတယ်။
ဇာတ်လမ်းလေးကတော့ ညီထွဋ်ခေါင်ရဲ့ဖုန်းဟာ ကျော်ကျော့်ဆီမှာကျန်နေခဲ့ပြီး လာသမျှဖုန်းတွေကို တလွဲပေါက်ကရ တွေဖြေပြီးမှ ညီထွဋ်ခေါင်ဆီပြန်လာပေးတဲ့ပုံစံမျိုးလေးဖန်တီးထားတာပဲဖြစ်ပါတယ်။ တကယ့်ကိုအခွီပေါက်ကရလုပ်တတ် တဲ့ သူငယ်ချင်းသုံးယောက်ရဲ့ဖန်တီးမှုအသစ်ကတော့ နောက်ဆုံးမှပါးစပ်မပိတ်နိုင်လောက်အောင်ကို ရယ်နေရတာပါ။
သုံးယောက်သားရဲ့ဟာသ Video လေးကို ” သူငယ်ချင်းကောင်းဆိုတာ” မျှော်နေကြတဲ့ video အခွီတွေဆက်တိုက်လာ မယ်နော် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ကွီးကျော်တစ်ယောက် ဒီ Video တွေမှာ စကားလုံးအကြမ်းတွေနဲ့ အပြတ်အသတ်သရုပ်ဆောင်ထားပုံက အမိုက်စားပဲမို့ တင်ဆက်ပေးလိုက်ပြီနော်။
Photo – N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone