ချစ်သက်တမ်း (၂) နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ဥက္ကာမင်းမောင်တို့ချစ်သူနှစ်ဦး

Posted on

ရေမြေခြားမှာချစ်သူနဲ့အတူတူနေထိုင်တဲ့ ဥက္ကာမင်းမောင်တစ်ယောက် ချစ်သူနဲ့ ချစ်သက်တမ်း (၂) နှစ်ပြည့်မြောက် သွားခဲ့ပြီပဲဖြစ်ပါတယ်။ အရမ်းကိုပျော်ရွှင်နေရတဲ့ ဒီအချစ်ရေးလေးဟာ ဥက္ကာအတွက်တော့ တကယ့်ကိုကျေနပ်စရာ အပြည့်ပါပဲ။ ဂရုစိုက်လွန်းတဲ့ ချစ်သူကိုရရှိထားပြီး သူ့ကိုလည်း သိပ်ချစ်တယ်ဆိုတာ ပုံရိပ်လေးတွေကြည့်တာနဲ့ မြင်သာစေခဲ့ပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေကြားထဲက တွဲထားတဲ့လက်တွေဟာ အတော်လေးကိုခိုင်မာနေခဲ့တာ အခုဆို (၂) နှစ်တောင် ပြည့်သွားခဲ့ပါပြီပရိသတ်ကြီးရေ။ ဘယ်သူတွေဘာပြောပြော ကိုယ်ချစ်ရတဲ့သူရဲ့ လက်ကိုရဲရဲကြီးဆုပ်ကိုင်ပြီး ချစ်ရဲတာ တကယ့်ကိုမေတ္တာအစစ်အမှန်ပဲမို့ပါ။ လိင်တူချစ်သူစုံတွဲမို့ ဝေဖန်မှုတွေရှိပေမယ့် ဥက္ကာကတော့ အပြုံးမပျက်ပါပဲ။

နှစ်ယောက်သားရဲ့ကြည်နူးစရာနေ့ရက်လေးမှာ ” Happy 2 years Anniversary my love. Thank you for always being there for me. Thank you for never giving up on me. Thank you for loving me so much. Thank you for having hope in me. Thank you for being so understanding, loving, caring , protecting lover. Thank you for being you.I appreciate you so much. You are the light out of the darkness. I am so lucky to have found you. I am so proud to have you and I’ll love you till my last breath. You are mine ” ဆိုပြီး ဥက္ကာမင်းမောင်က ပြောထား တာပဲဖြစ်ပါတယ်။ တကယ့်ကို Romantic ပဲနော်။

Photo – Ye Htoo Win
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Ye Htoo Win
Happy – Cele Zone