ပြည်ကနေ ရန်ကုန်ပြန်တဲ့ လမ်းမှာ သစ်ခိုးတင်တဲ့ကားနဲ့ မှားပြီးအဖမ်းခံခဲ့ရတဲ့ စိုးပြည့်သဇင်တို့မိသားစု
Posted on
ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ နှုတ်ခမ်းမွှေးရေးရေးလေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ဟာ ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ပါ။ သရုပ်ဆောင်လည်းအရမ်းကောင်းသလို ချစ်စရာလည်းကောင်းတာကြောင့် ပုရိသပရိသတ်တွေတင်သာမက မိန်းကလေးချင်းတောင် ချစ်လွန်းလို့ ၀န်းရံအားပေးခြင်းကိုခံနေခဲ့ရပါတယ်။သူမဟာ လတ်တလောမှာ ဆိုရင် နယ်ဝေးခရီး‌ေတွသွားပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလျက်ရှိပါတယ်။
အခုလည်း ပြည်မြို့ဘက်မှာ သုံးပန်လှကျိန်စာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြည်တော်ချစ်အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးနေခဲ့ပါတယ်။ ဒီဇာတ်ကားကို ရိုက်လို့ ရှုတင်အပြီး ရန်ကုန် ပြည်အပြန်လမ်းမှာ သစ်ခိုးတင်တဲ့ကားနဲ့ မင်းသမီးကားကိုမှားဖမ်းခံရတဲ့အတွက် အထိတ်တလန့်ဖြစ်ခဲ့ရတာကိုလည်း စိုးပြည့်ရဲ့ မိခင်ဖြစ်သူက ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။ ညကြီးမင်းကြီး ရဲယူနီဖောင်းမပါဘဲ သူမတို့ ကားနောက်ကိုမရပ်မချင်း‌ေတာက်‌ေလျှာက် လိုက်ခဲ့တဲ့အတွက် ရင်ထိတ်ခဲ့တာလို့လည်းရှင်းပြခဲ့ပါတယ်။
” ည ၁၂ နာရီလောက်ပြည်က နေရန်ကုန်ပြန်တဲ့လမ်းတ နေရာ… လူတစုဓါတ်မီးထိုးပြီးကားကိုတားတယ်ပထမ တော့ကားပျက် လို့အကူအညီတောင်းတာထင်လို့ရပ်ပေးမလို့ပဲဒါပေမဲ့အနားက အမရာ ကမရပ်နဲ့မရပ်နဲ့ပြောတာနဲ့ဆက်မောင်းလိုက်တယ်… ခုနကားက နောက် က မောင်းလိုက် လာပြီးကျော်တက်ပြီးပိတ်ရပ်မလို့လုပ်တော့သူ့ကားကိုပြန် ကျော်မောင်းလိုက် တယ် ကားက နောက် ကကပ် လိုက် လာတယ် ကိုယ်တွေလဲ လန့်သွား တယ်လမ်းကလည်းလူပြတ် တယ်လေ….ကြောက်ကြောက်နဲ့လက်နက်ရှာတော့ရှုတင်ထီးတချောင်းနဲ့စတီးဓါတ်ဗူးပဲတွေ့တယ်လာလို့က တော့တွေ့တာနဲ့တီးထည့်မှာ….ကားကလည်းကပ် ပါလာတယ် နဲနဲမောင်းပြီးတော့ရှေ့မှာPOLICE ဆိုတဲ့ကားတစီးတွေ့လိုက်တော့ဝမ်းသာအားရဝင်ရပ် လိုက်တယ်…..ကားရပ်ရပ်ချင်းနောက် ကားကလူတွေပြေးဆင်းလာပြီးကားသော့ဖြုတ်မလို့တဲ့မောင်းပြေးမှာစိုးလို့ကားသော့မ တွေ့ဘူးလေကားသော့တပ်ပြီးမောင်းတဲ့ကားမဟုတ်ေ တာ့ဘယ်တွေ့မလဲ…. ဘာလုပ်တာလဲ မေးတော့သစ်တောကသစ်သယ်လာတယ်သတင်းရလို့ကားတားတာမရပ် လို့ရဲကားကိုအကြောင်းကြားပြီးတားတာတဲ့ ဖြစ်ရလေဆရာတို့ရယ်… ဝတ္တရားအရဖမ်းနိုင်ပါတယ်ဒါပေမဲ့ ရဲနဲ့သစ်တောယူနီဖေါင်းအပြည့်အစုံနဲ့လူအုပ်စုနဲ့ဖမ်းသင့်ပါတယ်… ခုတော့ယူနီဖောင်းမပါအရပ်ဝတ်နဲ့ညဖက်သန်းကောင်ကားရပ်ခိုင်းတာတော့ဘယ်သူမဆိုမရပ်ပေးပါဘူးသူခိုးလားဓါးမြလားမသိကိုယ့်အသက်နဲ့ရင်းပြီးမရပ်နိုင်ပါဘူးရုပ်တွေကလည်းလူဆိုးရုပ်တွေပါ… ရဲစခန်းကိုသူတို့ကိုမောင်းခိုင်းလိုက်တယ်စခန်းမှုးကြီးကတော့ တောင်းပန်ပါတယ်နောက် ကိုယူနီဖောင်းဝတ်ဖို့ပြောပါတယ်… အပြုသ ဘောနဲ့ရေးခြင်းဖြစ်ပါတယ်… ပြည်လမ်းတနေရာလူကိုထိပ် လန့်စေတဲ့သဲထိပ်ရင်ဖိုဇာတ်လမ်းတခုပါသတင်းရလည်းသေသေချာချာလုပ်ကြပါဆရာတို့ရယ်မင်းသမီးကားနဲ့သစ်ကားမှားလိုက်ရတယ်လို့” ဆိုပြီးစိုးပြည့်ရဲ့ မိခင်ဖြစ်သူက ပြောပြထားခဲ့ပါတယ်နော်။
Source : Mar Lar
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)