လူလည်ကျပြီး သကြားလုံးလေးနဲ့ လာကန်တော့တဲ့ချစ်သူလေးကို မုန့်ဖိုးတစ်ထောင်ပဲ ပြန်ပေးလိုက်တဲ့ ရဲရင့်အောင်
Posted on
ချစ်ပရိသတ်တို့ရေ… လက်တ‌လောမှာဆိုရင် အဆိုတော်ရဲရင်အောင်နဲ့ ရဲရင့်အောင်တို့စံုတွဲ‌ေလးဟာ ပရိသတ်တွေရဲ့ အားကျချစ်ခင်ခြင်းကိုခံနေခဲ့ရပါတယ်နော်။ နှစ်ဦးစလုံးဟာ ပြည်တော်ချစ်အနုပညာသမားလေးတွေပဲဖြစ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ သာယာတဲ့Relationshipလေးကို ဖန်တီးတည်ဆောက်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာဆိုရင်လည်း ရဲရင့်အောင်ဟာ ချစ်သူလေး ဧငြိမ်းဖြူရဲ့ ဘွဲ့ယူတဲ့ပွဲကို ရှုပ်နေတဲ့ အလုပ်တွေကိုဘေးထားကာ လိုက်ပါပြီး ဓာတ်ပုံလေးတွေအတူတူအမှတ်တရ ရိုက်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဒီပုံလေးတွေကြောင့် သူမတို့နှစ်ယောက်ကို အားကျပြီးတော့ ပရိသတ်ပေါင်းများစွာ၀န်းရံပေးခဲ့ကြပါသေးတယ်။ ချစ်စရာကောင်းပြီးနတ်ဖက်တဲ့ စုံတွဲလေးအလား လိုက်ဖက်ညီလွန်းတဲ့ ရဲရင့်အောင်တို့စုံတွဲလေးဟာ သူတို့ရဲ့ ချစ်သူဘ၀လေးကို ပေါ့ပေါ့ပါးပါးနဲ့ အမှတ်တရလေးတွေအတူတူလုပ်ကာ ဖြတ်သန်းလေ့ရှိပါတယ်။
အခုလည်း ချစ်သူလေး ဧငြိမ်းဖြူက သူ့ကို သီတင်းကျွတ်အနေနဲ့ ကန်တော့ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ရဲရင့်အောင်ကတော့ အလိုက်တသိနဲ့ ကန်တော့ခဲ့တဲ့ ချစ်သူလေးကို မုန့်ဖိုးတစ်ထောင်သာပြန်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူလေးက လူလည်ကျပြီးတော့ သူ့ကို သကြားလုံးလေးနဲ့ လာကန်တော့ခဲ့လို့ပါတဲ့။ ကဲ… ဒီလိုမျိုး ချစ်စရာကောင်းတဲ့ အမှတ်တရလေးတွေကို ဖန်တီးတတ်တဲ့ ရဲရင့်‌ေအာင်တို့စုံတွဲလေးလည်း ‌ရိုးမြေကျမခွဲပဲအတူတူ ပေါင်းဖက်နိုင်ပါစေလို့တောင်းဆုပြုပေးလိုက်ပါတယ်နော်။
Source : A Nyein Phyu
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)