ကြည့်မိသူတိုင်းမငိုဘဲမနေနိုင်လောက်အောင် သနားစရာကောင်းလွန်းတဲ့ ဒိန်းဒေါင်ရဲ့ အလှူဗီဒီယိုတစ်ခု

လူတိုင်းကြုံနိုင်ပေမယ့် လူတိုင်းမသိနိုင်တဲ့ ခက်ခဲလွန်းတဲ့ဘဝတွေအများကြီးရှိနေပါတယ်။ ပရဟိတအလုပ်တွေကို ခုံခုံမင်မင်လုပ်နေတဲ့ ဒိန်းဒေါင်တစ်ယောက် မြောင်းကြီးရဲ့ဘေးမှာ ထီးလေးတွေကာပြီးနေရတဲ့ မိသားစုတစ်ခုကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ အခုလိုအကျပ်အတည်းကာလဖြစ်တာမို့ သားသမီးလေးတွေကိုတောင် ထွက်ပြီးတောင်းခိုင်းရတဲ့အနေအထားတွေ ပါ။

စိတ်ထားဖြူတဲ့လူရွှင်တော်ကြီးက ဘာလိုချင်တဲ့မေးတဲ့အချိန်မှာတောင် ရဲရဲဝံ့ဝံ့မပြောရဲဘဲ ဝမ်းနည်းမျက်ရည်တွေပဲကျနေခဲ့ပါတယ်။ တကယ်ကိုသနားစရာကောင်းလွန်းတာမို့ ကြည့်မိသူတွေလည်းစိတ်မကောင်းဖြစ်ရကြောင်းမှတ်ချက်တွေအများကြီးပေးခဲ့ပါတယ်။ ဒီလိုခက်ခဲနေတဲ့ဘဝတွေ ဘယ်လောက်များများရှိနေမလဲဆိုတာတွေးကြည့်ရင် ရင်မောစရာပါ။

ဒိန်းဒေါင်ကတော့ ဒီမိသားစုလေးနေဖို့အတွက်စီစဉ်ပေးမယ်လို့ကတိပေးခဲ့ပြီး လတ်တလောမှာတော့ ငွေငါးသောင်းလှူပေးခဲ့ပါတယ်။ ဒီလိုလှူအပြီးမှာတော့ သူကိုယ်တိုင် ကားပေါ်အရောက်မှာငိုမိတဲ့အကြောင်းလည်းပြောပြလာခဲ့ပါတယ်။ ခက်ခဲတဲ့ဘဝတွေ အမြန်ဆုံးပြေလည်ပြီး မြန်မာပြည်ကြီးသာယာငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းမိပါတယ်။

Happy – Cele Zone
Photo – Dain Daung

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Dain Daung

error: Content is protected !!