ဘောကွင်းလေးစွပ်ကာ မေမေနဲ့အတူတူ‌ေရကူးကန်ထဲမှာ ပျော်‌ေပျာ်ရွှင်ရွှင်‌ေရကစားနေတဲ့ Peach လေး
Posted on
ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အားပေး၀န်းရံခြင်းကိုခံစားရတဲ့ မေမေသင်ဇာနွယ်၀င်းနဲ့ Peachလေးတို့ကတော့ ပျော်ရွှင်စရာကောင်းတဲ့ သားအမိဆက်ဆံရေးလကိုပိုင်ဆိုင်ထားပါတယ်။ အရွယ်လေးနဲ့မလိုက်အောင်တတ်သိနားလည်ပြီးတော့ လူလည်လည်းအရမ်းကျတတ်‌တာကြောင့် မြင်သမျှလူတိုင်းက ချစ်မ၀ဖြစ်လို့နေခဲ့ရပါတယ်။
အခုအချိန်မှာဆိုရင် မေမေ သင်ဇာနွယ်ဝင်းဟာ သား Peach‌ေလး ရင်အုပ်မကွာ စောင့်ရှောက်ပြီး အချိန်ပေးနေခဲ့ရတဲ့အတွက် အရင်လိုအနုပညာအလုပ်တွေကို ဇောက်ချမလုပ်နိုင်တော့ပါဘူးနော်။ ‌ချစ်ခင်ပွန်းရယ် သားလေးရယ်ရှိရုံနဲ့တင်ပြီး‌ပြည့်စုံနေခဲ့တဲ့ သူမရဲ့မိသားစု ကမ္ဘာလေးကို ပရိသတ်တွေလည်း အားကျလို့နေခဲ့ရပါတယ်။ သူမဟာ အခုဆိုရင် နောက်ထပ်ကိုယ်၀န်လေးကိုလည်းလွယ်ထားခဲ့ရပြီးတော့ မကြာခင်မှာ မိသားစု၀င်အသစ်လေးတစ်ယောက်လည်းတိုးလာတော့မှာပဲဖြစ်ပါတယ်။
အခုလည်း သူမဟာ ချစ်ရတဲ့သားလေးကို အချိန်ပေးပြီးတော့ ရေအတူတူ ကစားပေးနေတာကိုတွေ့ရပြန်ပါတယ်။ ‌ဘောကွင်းလေးကို စွပ်ပြီး မေမေနဲ့အတူ စိတ်ရှိလက်‌ရှိရေလေးတွေကစားနေခဲ့ရတဲ့ သားလေးPeachလေးတစ်ယောက်ကတော့ ‌အပျော်ကြီးပျော်နေတဲ့ပုံပါပဲ။ ကဲ… ရေကူးကန်လေး‌ထဲမှာ မေမေနဲ့အတူတူ ပြုံးပျော်ပြီး ရေကစားလို့နေတဲ့ Peachလေးတို့စားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Thinzar Nwe Win
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)
ဘောကွင်းလေးစွတ်ကာ မေမေနဲ့အတူတူ‌ရေကူးကန်ထဲမှာ ပျော်‌ပျော်ရွှင်ရွှင်‌ရေကစားနေတဲ့ Peach လေး