အရမ်းလန်းတဲ့ သီချင်းတစ်ပုဒ်ကို အခွီပုံစံအသက်သွင်းပြီး Tiktok ဆော့ပြလိုက်တဲ့ ခြူးလေး

Posted on

ပရိသတ်အသည်းကျော် မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ခြူးလေးက ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်သူလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေးပါ။ လက်ရှိမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးလျက်ရှိပြီး အပြင်နဲ့ မတူတဲ့ ခြူးလေးရဲ့ ဇာတ်ကောင်ပုံစံသစ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရအုံးမှာပါ။

အခုချိန်ထိ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားရင်း အချစ်ရေးကို စိတ်မဝင်စားပဲ အနုပညာအလုပ်တွေကို ခပ်သွက်သွက် လှုပ်ရှားနေတဲ့ ခြူးလေးရဲ့ ကြိုးစားမှုတွေကြောင့် အမာခံပရိသတ်တွေများစွာကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူလေးပါ။ အမြဲစစနောက်နောက်နဲ့ ပျော်ပျော်နေတတ်တဲ့ ခြူးလေးက သူမအားတဲ့ အချိန်လေးတွေမှာ Tiktok အခွီလေးတွေဆော့တတ်သူလေးပါ။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အခွီပုံစံလေးတွေ Tiktok ဆော့ပေမယ့်လည်း မရယ်ရပဲ ချစ်စရာကောင်းနေတဲ့ ခြူးလေးရဲ့ Tiktok လေးတွေကို ပရိသတ်တွေကြည့်ဖူးကြပါလိမ့်မယ်။ အခုလည်း ပရိသတ်တွေကြား နာမည်ကြီးပြီး ခပ်ဆန်းဆန်း သီချင်းလေးတစ်ပုဒ်ကို တမျိုးထွင်ခါ Tiktok ဆော့ထားတဲ့ ခြူးလေးရဲ့Tiktok ဗီဒီယိုလေးတွေကို CeleZone ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Chue Lay

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



