ငွေဆောင်ကမ်းခြေလေးထက်မှာ (၃)နှစ်ပြည့် Anniလေးကို ဘိုဆန်ဆန်လေး ကျင်းပပြုလုပ်ခဲ့တဲ့ မင်းဦး

Posted on

တစ်ခေတ်တစ်ခါက ပျိုမဒီတို့ရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသားကြီးတစ်လက်လည်းဖြစ်သလို အခုအချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲ ဖြစ်တဲ့ သရုပ်ဆောင်မင်းဦးကတော့ တကယ့်ကို ဒိတ်ဒိတ်ကြဲပါပဲ။ လက်ရှိမှာလည်း သူဟာ နာမည်တစ်လုံးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်နေခဲ့ပြီးတော့ အကယ်ဒမီဆုကြီးကိုလည်း ထိုက်တန်စွာသိမ်းပိုက်ရရှိထားခဲ့ သူလည်းဖြစ်ပါတယ်။

 

 

ဝါရင့် မင်းသားကြီး မင်းဦးဟာ လူငယ်လေးတွေနဲ့အပြိုင် နုပျို အရွယ်တင်သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ လက်ရှိမှာ ချစ်စရာအ‌ရမ်းကောင်းတဲ့ ဇနီးချောချောလေးနဲ့ ပရိသတ်တွေအားကျရလောက်တဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကိုလည်းတည်ဆောက်လို့ထားခဲ့ပါတယ်။ သူရုပ်ရှင်သွားရိုက်တဲ့အခါ‌ေတွ ခရီးထွက်တဲ့အခါတွေမှာလည်း ဇနီးသည်လေးကို လက်ဆွဲကာ ခေါ်သွားလေ့ရှိပြီးတော့ အရမ်းလည်းချစ်ပြီး အရမ်းလည်းဂရုစိုက်မှုတွေပေးတတ်တာကိုလည်း တွေ့ရပါတယ်။

 

 

အခုလည်း ရုပ်ရှင်ရိုက်ဖို့အတွက် ငွေဆောင်ကမ်းခြေဘက်ကို သွားရင်း သူတို့နှစ်ဦးရဲ့ (၃)နှစ်ပြည့် Anniလေးကို အမှတ်တရပြုလုပ်ခဲ့ပြန်ပါတယ်။ ပွဲလေးကို ဘိုဆန်ဆန်လေးနဲ့ ရိုဆန်ဆန်လေး လုပ်ကာ နှစ်ယောက်သားနှစ်ပတ်လည် ညချမ်းလေးကို ကြည်ကြည်နူးနူးလေးဖြတ်သန်းခဲ့ကြပါတယ်။ ဒီအမှတ်တရပုံရိပ်လေးတွေကိုတော့ မင်းဦးက သူ့ရဲ့ လူမှုစာမျက်နှာပေါ်ကနေမျှဝေပေးထားခဲ့တာကိုတွေ့ရပါတယ်။ ကဲ…(၃)နှစ်ပြည့် နှစ်ပတ်လည်အမှတ်တရပွဲ‌ေလးက မင်းဦးတို့ဇနီးမောင်နှံရဲ့ ကြည်နူးဖွယ်ရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါရစေနော်။

 

 

Source : Min Oo
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

ေငြေဆာင္ကမ္းေျခေလးထက္မွာ (၃)ႏွစ္ျပည့္ Anniေလးကို ဘိုဆန္ဆန္ေလး က်င္းပျပဳလုပ္ခဲ့တဲ့ မင္းဦး

 

တစ္ေခတ္တစ္ခါက ပ်ိဳမဒီတို႔ရဲ႕ အသည္းစြဲျဖစ္ခဲ့တဲ့ မင္းသားႀကီးတစ္လက္လည္းျဖစ္သလို အခုအခ်ိန္ထိလည္း အ႐ြယ္တင္ႏုပ်ိဳေနဆဲ ျဖစ္တဲ့ သ႐ုပ္ေဆာင္မင္းဦးကေတာ့ တကယ့္ကို ဒိတ္ဒိတ္ႀကဲပါပဲ။ လက္ရွိမွာလည္း သူဟာ နာမည္တစ္လုံးနဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာရပ္တည္ေနခဲ့ၿပီးေတာ့ အကယ္ဒမီဆုႀကီးကိုလည္း ထိုက္တန္စြာသိမ္းပိုက္ရရွိထားခဲ့ သူလည္းျဖစ္ပါတယ္။

ဝါရင့္ မင္းသားႀကီး မင္းဦးဟာ လူငယ္ေလးေတြနဲ႔အၿပိဳင္ ႏုပ်ိဳ အ႐ြယ္တင္သူတစ္ေယာက္ဆိုလည္းမမွားပါဘူး။ လက္ရွိမွာ ခ်စ္စရာအ‌ရမ္းေကာင္းတဲ့ ဇနီးေခ်ာေခ်ာေလးနဲ႔ ပရိသတ္ေတြအားက်ရေလာက္တဲ့ ေပ်ာ္႐ႊင္စရာ အိမ္ေထာင္ေရးေလးကိုလည္းတည္ေဆာက္လို႔ထားခဲ့ပါတယ္။ သူ႐ုပ္ရွင္သြား႐ိုက္တဲ့အခါ‌ေတြ ခရီးထြက္တဲ့အခါေတြမွာလည္း ဇနီးသည္ေလးကို လက္ဆြဲကာ ေခၚသြားေလ့ရွိၿပီးေတာ့ အရမ္းလည္းခ်စ္ၿပီး အရမ္းလည္းဂ႐ုစိုက္မႈေတြေပးတတ္တာကိုလည္း ေတြ႕ရပါတယ္။

အခုလည္း ႐ုပ္ရွင္႐ိုက္ဖို႔အတြက္ ေငြေဆာင္ကမ္းေျခဘက္ကို သြားရင္း သူတို႔ႏွစ္ဦးရဲ႕ (၃)ႏွစ္ျပည့္ Anniေလးကို အမွတ္တရျပဳလုပ္ခဲ့ျပန္ပါတယ္။ ပြဲေလးကို ဘိုဆန္ဆန္ေလးနဲ႔ ႐ိုဆန္ဆန္ေလး လုပ္ကာ ႏွစ္ေယာက္သားႏွစ္ပတ္လည္ ညခ်မ္းေလးကို ၾကည္ၾကည္ႏူးႏူးေလးျဖတ္သန္းခဲ့ၾကပါတယ္။ ဒီအမွတ္တရပုံရိပ္ေလးေတြကိုေတာ့ မင္းဦးက သူ႔ရဲ႕ လူမႈစာမ်က္ႏွာေပၚကေနမွ်ေဝေပးထားခဲ့တာကိုေတြ႕ရပါတယ္။ ကဲ…(၃)ႏွစ္ျပည့္ ႏွစ္ပတ္လည္အမွတ္တရပြဲ‌ေလးက မင္းဦးတို႔ဇနီးေမာင္ႏွံရဲ႕ ၾကည္ႏူးဖြယ္ရာပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါရေစေနာ္။