မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်ခံနီးမှာ ပရိသတ်တွေမမြင်ဖူးသေးတဲ့ ပုံလေးတွေထုတ်ပြလိုက်တဲ့ ဆုပန်ထွာ

Posted on

အနုပညာလောကမှာ အဆိုတော် မင်းသမီးချောတစ်ဦးဖြစ်တဲ့ ဆုပန်ထွာက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ အပြင် အဆိုမှာလည်း ပိုင်နိုင်တဲ့ သူတစ်ဦးပါ။ အိမ်ထောင်ကျပြီးတဲ့ နောက်မှာတော့ သားလေး Roar Roar လေးကို မွေးဖွားခဲ့ပြီး သားလေးအတွက် အချိန်ပေးရင်း ပရိသတ်တွေနဲ့ မဝေးကွာရအောင် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ပရိသတ်တွေသိကြတဲ့ အတိုင်း ဆုပန်ထွာတို့မိသားစုလေးက အရမ်းကို အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်ပြီး စည်းစည်းလုံးလုံးနဲ့ ပရိသတ်တွေ အားကျရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာကို မြင်တွေ့ရမှာပါ။ ဆုပန်ရဲ့ နားမှာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ တူတူရင်ဆိုင်ခဲ့တဲ့ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်မို့ ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ စုံတွဲလေးအဖြစ် ရေပန်းစားနေရသူလေးပါ။

ယခုဆိုရင် မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်ခံနီးပြီဖြစ်တဲ့ ဆုပန်တို့ အိမ်ထောင်ရေးကတော့ လက်ရှိအချိန်မှာဆိုရင် သားလေးနဲ့ အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ အခုလည်း ပရိသတ်တွေ တခါမှ မမြင်ဖူးသေးတဲ့ ဆုပန်တို့ မင်္ဂလာဆောင်ပွဲတုန်းက ရိုက်ထားတဲ့ ပုံလေးတွေကို CeleZone ပရိသတ်ကြီးအတွက် ထပ်ဆင့် ဝေမျှလိုက်ရပါတယ်နော်။

Source:Supan Htwar

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



