သားဖြစ်သူ ကြက်တောင်ရိုက်ရင် ဘောလုံးကိုမထိမှာစိုးလို့ဆိုပြီး ဧရာမဘတ်တံကြီးရှာ၀ယ်ပေးမယ်ဆိုတဲ့ အောင်ရင်

Posted on

ဟိုးအရင်ခေတ်တွေကတည်းက ပရိသတ်တွေရဲ့အားပေးခြင်းကိုတစ်ခဲနဲ့ရရှိထားပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားခဲ့သူကတော့ ဝါရင့်အဆိုရှင်တော်ကြီး အောင်ရင်ပဲဖြစ်ပါတယ်။ သားဖြစ်သူ‌မိုးအောင်ရင်ဟာလည်း ဖခင်ခြေရာနင်းသူပီပီ အနုပညာလောကမှာအောင်မြင်မှုတွေကို ရရှိနေခဲ့တဲ့လူငယ်မင်းသားချောတစ်လက်လည်းဖြစ်လို့နေပါပြီ။

 

အောင်ရင်ဟာ ခက်ခဲ့ပင်ပန်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့် မိသားစုကို ချစ်တဲ့စိတ်နဲ့အကောင်းဆုံးကြိုးစားလာခဲ့ကာ အခုဆိုရင် သူချစ်တဲ့အနုပညာအလုပ်တွေကိုပါပြန်လည်လုပ်ကိုင်နေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အခုတစ်ခါမှာလည်းသားဖြစ်သူနဲ့ အတူ နိုင်ငံခြားဖျော်ဖြေပွဲ‌ကိုရောက်ရှိလို့ခဲ့ပြီးတော့ သားအဖနှစ်ယောက် စင်္ကာပူမှာပျော်ရွှင်စွာလည်ပတ်ရင်း ဈေး၀ယ်ထွက်နေခဲ့တာကိုတွေ့ရပါတယ်။

 

သားဖြစ်သူ မိုးအောင်ရင် ကြက်တောင်ရိုက်ဖို့လိုတာလေးတွေသွား၀ယ်ရင်း Shoppingထွက်နေခဲ့တာပဲဖြစ်ပါတယ်။ စင်္ကာပူမှာ ဈေး၀ယ်ထွက်ရင်းနဲ့ သားအဖနှစ်ယောက် အခွီတစ်လိုင်းလေးတွေလုပ်ကာလည်းဓာတ်ဖမ်းခဲ့ကြပါသေးတယ်။ ဘောလုံးမထိမှာစိုးလို့ ဘတ်တံအကြီးနဲ့ ရိုက်မယ် စိုးပြီးတော့ ဧရာမ Rocketအကြီးကြီးနဲ့အတူ သားနဲ့အပြိုင်အခွီတစ်လိုင်း အိုက်တင်တွေပေးရင်း ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်မှာမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ကြည်နူးဖို့ကောင်းတဲ့ မိုးအောင်ရင်တို့သားအဖနှစ်ယောက် ပျော်ရွှင်စွာအတူတူဈေး၀ယ်ထွက်ခဲ့ကြပုံလေးတွေကို ချစ်ပရိသတ်‌တို့အတွက်ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

 

 

Source : Aung Yin

Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 


 


