ဒီဇိုင်းနာ ငြိမ်းကိုနဲ့တွေ့တုန်း ဝတ်ချင်တဲ့ အင်္ကျီ ပုံစံကို ကျကျနန ပြောပြနေတဲ့ ဈေးသည်မလေး ကိကိလေး ရုပ်သံ

Posted on

ဈေးသည်မလေး ကိကိအဖြစ် အင်တာနက်စာမျက်နှာပေါ်မှာ နာမည်ကြီးလာတဲ့ ကလေးလေးတစ်ဦးဖြစ်တဲ့ ကိကိလေးကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို အပိုင်သိမ်းသွားသူလေးပါ။ မျက်မှန်ဝိုင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းပြီး အရွယ်နဲ့မလိုက်အောင် စကားပြောတတ်တဲ့ ပုံစံလေးတွေက ပရိသတ်တွေအတွက် တော့ အမြင်တမျိုးဆန်းပြီး ချစ်စရာကောင်းစေမှာ အမှန်ပါ။

လက်ရှိမှာဆိုရင် ကိကိလေးက ကြော်ငြာတွေကို တောင် လက်ခံရိုက်ကူးပေးနေပြီဖြစ်ပြီး အနာဂတ်ရဲ့ တောက်ပလာမယ့် ကြယ်ပွင့်လေးအဖြစ် ပရိသတ်တွေက ယုံကြည်ထားကြပါတယ်။ စကားပြောရင် ကျွန်မ ကျွန်မနဲ့ သူ့ကိုယ်သူပြောတတ်ပြီး လူကြီးဆန်တဲ့ စကားလေးတွေကြောင့် ကိကိလေးက အရမ်းကို ချစ်စရာကောင်းတဲ့ သူလေးဖြစ်နေတာပါ။

အခုလည်း နာမည်ကြီး ဒီဇိုင်းနာ တစ်ဦးဖြစ်တဲ့ ဒီဇိုင်းနာ ငြိမ်းကို ဆီကို သွားရောက် ကန်တော့ရင်း ကိကိလေးရဲ့ ချစ်စရာကောင်းတဲ့ ရုပ်သံလေးကို မြင်တွေ့ရအုံးမှာပါ။ အရမ်းလည်တဲ့ ကိကိလေးက ဒီဇိုင်းနာ ငြိမ်းကို ကို သူဝတ်ချင်တဲ့ အင်္ကျီ ပုံစံအကြောင်း ကျကျနန ပြောပြနေတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမယ့်အပြင် ငြိမ်းကို က ကလစ်လှလှလေးတွေလက်ဆောင်ပေးလိုက်လို့ အရမ်းကို ပျော်နေတဲ့ ကိကိလေးရဲ့ ဗီဒီယိုလေးတွေကို CeleZoneပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Source:Nyein Ko

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



