အရမ်းကို အထာကျနေတဲ့ ပရိသတ်အချစ်တော် ပိုင်နှစ်ပိုင်ရဲ့ အမိုက်စား ပုံရိပ်များ

Posted on

ထိုင်းမလေးတွေနဲ့ မြန်မာမလေးတွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ်မင်းသားချောဖြစ်တဲ့ ပိုင်တံခွန်က အရမ်းကို မိုက်တဲ့ ခပ်မိုက်မိုက် မော်ဒယ်မင်းသားတစ်ဦးပါ။ လက်ရှိမှာဆိုရင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ခုလုံးမှာ အနုပညာလှုပ်ရှားမှုတွေ ကို တွေ့မြင်ရပြီး ပရိသတ်တွေအတွက် ကြိုးစားနေသူတစ်ယောက်ပါ။ စိတ်ထားကောင်းပြီး အရမ်းစမတ်ကျသူတစ်ယောက်ဖြစ်နေတာကြောင့်လည်း မိန်းကလေး ပရိသတ်တွေကသည်းသည်းလှုပ်နေရတဲ့ သူတစ်ယောက်ပါ။

ထိုနည်းတူစွာပဲ နာမည်မှာပိုင်ပါတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသူကလည်း ပြောစရာမလိုလောက်အောင် အမာခံပရိသတ်တွေများစွာရှိပြီး နိုင်ငံကျော်မင်းသမီးလေး လည်းဖြစ်ပါတယ်။ နောက်ပြီး ဒါရိုက်တာ ဏကြီးနဲ့အတူ ချစ်စရာကောင်းပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေက ကလေးလေးတစ်ယောက်လို အကဲပိုပြီး ချစ်နေရသူလေးပါ။

အခုမြင်တွေ့ရမှာကတော့ ဆုံတွေ့ဖို့ခဲ့လှတဲ့ ပိုင်နှစ်ပိုင်ရဲ့ အထာကျကျပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ “နာမည်မှာ ပိုင်ပါတဲ့ လူတိုင်းချောနေတာခက်တယ်” ဆိုပြီး ပိုင်တံခွန်က နောက်ထားတဲ့ စာတန်းလေးနဲ့ အရမ်းကို အထာကျနေတဲ့ မင်းသမီးချောလေးပိုင်ဖြိုးသူနဲ့ ပိုင်တံခွန်တို့ရဲ့ ပုံရိပ်တွေကို CeleZone ပရိသတ်ကြီး ကြည့်ရှူနိုင်ဖို့အတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Paing Takhon

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



