တဖြည်းဖြည်းနဲ့အရမ်းကိုချစ်ဖို့ကောင်းလာပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားလေး Koe Koe

Posted on

အသက်သုံးလကျော်ကျော်သာရှိသေးတဲ့ ချစ်ဖို့ကောင်းတဲ့ သားလေး Koe Koe ကို မေမေပိုးအိက စာတွေဖတ်ပြနေတဲ့ ပုံရိပ်လေးကို သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ကောင်းတဲ့ အလေ့အကျင့်လေးတွေလုပ်ပေးဖို့ဟာ မိဘတွေရဲ့တာဝန်ပဲမို့ ပိုးအိတစ်ယောက် ချစ်ရတဲ့သားလေးကို လူတော်လူကောင်း လေးတစ်ယောက် ဖြစ်အောင်သွန်သင်ဖို့အတွက် အခုလိုအလေ့အထကောင်းလေးတွေလုပ်ပေးနေတာပဲဖြစ်ပါတယ်။

ဖေဖေအောင်သူဟာလည်း သားလေးကို လက်ကမချနိုင်လောက်အောင်ကိုချစ်မြတ်နိုးပြီး ဇနီးနဲ့သားကိုလည်းအရမ်းတန်ဖိုး ထားတဲ့ အရည်အချင်းပြည့်ဝတဲ့အားကစားသမားတစ်ယောက်ပါ။ နှစ်ယောက်ကမ္ဘာလေးမှာ ချစ်ရတဲ့သားလေး ရောက်လာပြီဆိုတော့ ပိုကြီးမားပြီးခိုင်မာတဲ့ မေတ္တာထုထည်ကြီးတစ်ခုအဖြစ်တည်ဆောက်ထားပြီးသား ဖြစ်သွားတာပေါ့ နော်။

ချစ်စရာကောင်းတဲ့သားလေးဟာ တစ်နေ့တခြားပိုပိုပြီးချစ်ဖို့ကောင်းလာတာမို့ ပရိသတ်တွေကလည်း အသည်းတယားယားနဲ့ အရမ်းကိုချစ်နေကြပါတယ်။ ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေး Koe Koe ကတော့ မေမေစာဖတ်ပြတာကို စိတ်ဝင်တစားနဲ့ကြည့်နေပုံလေးက ချစ်ဖို့ကောင်းလွန်းတာမို့ တင်ဆက်ပေးလိုက်တယ်နော်။

Photo – Poe Ei Ei Khant
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Poe Ei Ei Khant
Happy – Cele Zone