အလုပ်တွေနားထားပြီး ချစ်သူနဲ့အတူကြည်နူးစရာအချိန်တွေကိုဖန်တီးနေတဲ့ ဝါဆိုမိုးဦး

Posted on

ကြည်နူးစရာကောင်းတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲလေးဟာ အလုပ်တွေများတဲ့ကြားက တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး အချစ်တွေကိုပျိုးထောင်နေကြတာပဲဖြစ်ပါတယ်။ ဝါဆိုကစိတ်ကောက်တိုင်း ဖြိုးလေးက အမြဲတမ်းအလျော့ပေးပြီး ချော့တတ်တာမို့ ဝါဆိုလည်း ကြာကြာမကောက်နိုင်ခဲ့ပါဘူး။ လက်တွဲလာတာ (၂)နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိ အချိန်ထိလည်း အဆင်ပြေချောမွေးတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြဆဲပါ။

နှစ်ယောက်အတူခရီးလေးတွေသွားတတ်ကြပြီး ကြည်နူးစရာအချိန်တွေကိုလည်း အတူတူဖန်တီးပြီး အတူတူကုန်ဆုံး တတ်ကြသူလေးတွေပါ။ အရမ်းချစ်တတ်တဲ့ချစ်သူလေးကို ပိုင်ဆိုင်ထားရတဲ့ဝါဆိုတစ်ယောက် ဖူးဖူးမှုတ်အချစ်ခံရတာ တကယ့်ကိုအားကျစရာပါပဲ။ ချစ်သူလေးကို မျက်နှာမညိုးအောင်ချစ်ပေးနိုင်တဲ့ ဖြိုးလေးရဲ့ချစ်ခြင်းတရားကလည်း တကယ့်ကိုအံ့မခန်းပါပဲနော်။

နှစ်ယောက်အတူပျော်နေကြတဲ့ပုံရိပ်လေးတွေကို ” တစ်ခါတစ်လေ အလုပ်တွေကြားထဲကရုန်းထွက်ပြီး ဟန်ဆောင်မှု ကင်းတဲ့ ချစ်ခြင်းတွေမှာ ပျော်ရွှင်ကြည့်ကြပါ အရမ်းနွေးထွေးမှုရှိပါတယ် ” ဆိုပြီး ဝါဆိုက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးမှာလည်း ချစ်သူရှိရင် အလုပ်တွေချည်းလုပ်မနေပဲ ချစ်သူလေးကိုလည်း အချိန်ပေးလိုက်ပါဦးနော်။

Photo – Warso Moe Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အလုပ္ေတြနားထားၿပီး ခ်စ္သူနဲ႔အတူၾကည္ႏူးစရာအခ်ိန္ေတြကိုဖန္တီးေနတဲ့ ဝါဆိုမိုးဦး ”

ၾကည္ႏူးစရာေကာင္းတဲ့ ၿဖိဳးေလးနဲ႔ဝါဆိုမိုးဦးတို႔စုံတြဲေလးဟာ အလုပ္ေတြမ်ားတဲ့ၾကားက တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္ေပးၿပီး အခ်စ္ေတြကိုပ်ိဳးေထာင္ေနၾကတာပဲျဖစ္ပါတယ္။ ဝါဆိုကစိတ္ေကာက္တိုင္း ၿဖိဳးေလးက အၿမဲတမ္းအေလ်ာ့ေပးၿပီးေခ်ာ့တတ္တာမို႔ ဝါဆိုလည္း ၾကာၾကာမေကာက္ႏိုင္ခဲ့ပါဘူး။ လက္တြဲလာတာ (၂)ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး လက္ရွိအခ်ိန္ထိလည္း အဆင္ေျပေခ်ာေမြးတဲ့အခ်စ္ေရးကို ပိုင္ဆိုင္ထားၾကဆဲပါ။

ႏွစ္ေယာက္အတူခရီးေလးေတြသြားတတ္ၾကၿပီး ၾကည္ႏူးစရာအခ်ိန္ေတြကိုလည္း အတူတူဖန္တီးၿပီး အတူတူကုန္ဆုံးတတ္ၾကသူေလးေတြပါ။ အရမ္းခ်စ္တတ္တဲ့ခ်စ္သူေလးကို ပိုင္ဆိုင္ထားရတဲ့ဝါဆိုတစ္ေယာက္ ဖူးဖူးမႈတ္အခ်စ္ခံရတာ တကယ့္ကိုအားက်စရာပါပဲ။ ခ်စ္သူေလးကို မ်က္ႏွာမညိဳးေအာင္ခ်စ္ေပးႏိုင္တဲ့ ၿဖိဳးေလးရဲ႕ခ်စ္ျခင္းတရားကလည္း တကယ့္ကိုအံ့မခန္းပါပဲေနာ္။

ႏွစ္ေယာက္အတူေပ်ာ္ေနၾကတဲ့ပုံရိပ္ေလးေတြကို ” တစ္ခါတစ္ေလ အလုပ္ေတြၾကားထဲက႐ုန္းထြက္ၿပီး ဟန္ေဆာင္မႈကင္းတဲ့ ခ်စ္ျခင္းေတြမွာ ေပ်ာ္႐ႊင္ၾကည့္ၾကပါ အရမ္းေႏြးေထြးမႈရွိပါတယ္ ” ဆိုၿပီး ဝါဆိုက သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ထားတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးမွာလည္း ခ်စ္သူရွိရင္ အလုပ္ေတြခ်ည္းလုပ္မေနပဲ ခ်စ္သူေလးကိုလည္း အခ်ိန္ေပးလိုက္ပါဦးေနာ္။

Photo – Warso Moe Oo
Happy – Cele Zone