အောက်တိုဘာလထဲမှာ မမေ့နိုင်တဲ့ မွေးနေ့အမှတ်တရလေးတွေ ပိုင်ဆိုင်ခဲ့ရတဲ့ ရွှေအိမ်စည်

Posted on

သွက်သွက်လက်လက် ထက်ထက်မြတ်မြတ်နဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားခဲ့တဲ့ ရွှေအိမ်စည်ရဲ့ မွေးနေ့လေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ နာမည်ကြီးပြည်တော်ချစ်အနုပညာရှင် ညီအကိုမောင်နှမတွေများစွာတက်ရောက်လာခဲ့ပြီးတော့ သူမအတွက် surpriseဖြစ်ခဲ့ရပါတယ်။

သူမဟာ မော်ဒယ်တင်မဟုတ်တော့ဘဲ ရုပ်ရှင် အနုပညာလောကထဲကိုပါ အ‌ခြေချ၀င်ရောက်နေခဲ့ပြီဖြစ်လို့ ရုပ်ရှင်လောကက စီနီယာ ဂျူနီယာ အနုပညာသမားတော်တော်များများဟာ လာရောက် ခဲ့ကြပါတယ်။ သူမဟာ surpriseအလုပ်ခံရတာကို မနှစ်သက်ပေမယ် သူမရဲ့ မွေးနေ့surpriseလေးကိုတော့ အရမ်းပဲနှစ်သက်ပြီး ပျော်ရွှင်ခဲ့ရတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

 

စည်စည်ကားကားလေးနဲ့ ကျင်းပဖြစ်သွားတဲ့ သူမရဲ့ မွေးနေ့လေးကိုတော့ အောင်မင်းခန့်၊ အားတီ၊ မိုးစက်ဝိုင်၊ပွင့်၊ နွေးနွေးချစ်ဖွယ်တို့အပြင် အခြားသောပြည်တော်ချစ်အနုပညာရှင်ေတွနဲ့ သူငယ်ချင်းတွေလည်းတက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။ ဒီနှစ်မွေးနေ့ပွဲလေးဟာ သူမအတွက်ဘယ်‌‌ေတာ့မှ မမေ့နိုင်လောက်တဲ့အမှတ်တရတစ်ခုလည်း ဖြစ်တာကြောင့် မွေးနေ့ပွဲမှာ ရင်ထဲက‌အပျော်တွေဖုံးဖိမရဘဲ မျက်နှာမှာ အထင်းသားပေါ်နေခဲ့ပါတယ်။ ကဲ…. ပြည်‌ေတာ်ချစ်အနုပညာရှင်တွေနဲ့မွေးနေ့ပွဲလေးကိုပျော်ရွှင်စွာ ဆင်နွှဲခဲ့တဲ့ အိမ်စည်ရဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Shwe Eain Si

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ေအာက္တိုဘာလထဲမွာ မေမ့ႏိုင္တဲ့ ေမြးေန႔အမွတ္တရေလးေတြ ပိုင္ဆိုင္ခဲ့ရတဲ့ ေ႐ႊအိမ္စည္

သြက္သြက္လက္လက္ ထက္ထက္ျမတ္ျမတ္နဲ႔ ပရိသတ္ေတြရဲ႕ ႏွလုံးသားကို သိမ္းပိုက္ထားခဲ့တဲ့ ေ႐ႊအိမ္စည္ရဲ႕ ေမြးေန႔ေလးဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၂၅)ရက္ေန႔မွာ က်င္းပခဲ့တာပဲျဖစ္ပါတယ္။ ဒီပြဲေလးကိုေတာ့ နာမည္ႀကီးျပည္ေတာ္ခ်စ္အႏုပညာရွင္ ညီအကိုေမာင္ႏွမေတြမ်ားစြာတက္ေရာက္လာခဲ့ၿပီးေတာ့ သူမအတြက္ surpriseျဖစ္ခဲ့ရပါတယ္။

သူမဟာ ေမာ္ဒယ္တင္မဟုတ္ေတာ့ဘဲ ႐ုပ္ရွင္ အႏုပညာေလာကထဲကိုပါ အ‌ေျခခ်၀င္ေရာက္ေနခဲ့ၿပီျဖစ္လို႔ ႐ုပ္ရွင္ေလာကက စီနီယာ ဂ်ဴနီယာ အႏုပညာသမားေတာ္ေတာ္မ်ားမ်ားဟာ လာေရာက္ ခဲ့ၾကပါတယ္။ သူမဟာ surpriseအလုပ္ခံရတာကို မႏွစ္သက္ေပမယ္ သူမရဲ႕ ေမြးေန႔surpriseေလးကိုေတာ့ အရမ္းပဲႏွစ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့ရတယ္လို႔လည္း ဆိုခဲ့ပါေသးတယ္။

စည္စည္ကားကားေလးနဲ႔ က်င္းပျဖစ္သြားတဲ့ သူမရဲ႕ ေမြးေန႔ေလးကိုေတာ့ ေအာင္မင္းခန႔္၊ အားတီ၊ မိုးစက္ဝိုင္၊ပြင့္၊ ေႏြးေႏြးခ်စ္ဖြယ္တို႔အျပင္ အျခားေသာျပည္ေတာ္ခ်စ္အႏုပညာရွင္ေတြနဲ႔ သူငယ္ခ်င္းေတြလည္းတက္ေရာက္ ခ်ီးျမႇင့္ခဲ့ၾကပါတယ္။ ဒီႏွစ္ေမြးေန႔ပြဲေလးဟာ သူမအတြက္ဘယ္‌‌ေတာ့မွ မေမ့ႏိုင္ေလာက္တဲ့အမွတ္တရတစ္ခုလည္း ျဖစ္တာေၾကာင့္ ေမြးေန႔ပြဲမွာ ရင္ထဲက‌အေပ်ာ္ေတြဖုံးဖိမရဘဲ မ်က္ႏွာမွာ အထင္းသားေပၚေနခဲ့ပါတယ္။ ကဲ…. ျပည္‌ေတာ္ခ်စ္အႏုပညာရွင္ေတြနဲ႔ေမြးေန႔ပြဲေလးကိုေပ်ာ္႐ႊင္စြာ ဆင္ႏႊဲခဲ့တဲ့ အိမ္စည္ရဲ႕ ေမြးေန႔အမွတ္တရပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္။