ကျောင်းစတက်တုန်းက ကြည့်မရတဲ့မိန်းကလေးနဲ့ ကျောင်းပြီးတဲ့အချိန်မှာတော့ Best Friend ဖြစ်သွားတဲ့ ယွန်းယွန်း

Posted on

ပညာရေးမှာထူးချွန်သူလေးယွန်းကတော့ UK က ပေးတဲ့ ABE (Diploma) Level 5 ကိုအောင်မြင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ကျောင်းစစတက်ချင်းမှာ သိပ်ကြည့်မရခဲ့တဲ့ အတန်းဖော် မိန်းကလေးဟာ Level 5 ပြီးဆုံးသွားတဲ့အချိန်မှာတော့ သူမရဲ့ BFF တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူငယ်ချင်းတိုင်းရဲ့အိပ်မက်ကတော့ အတူတူဘွဲ့ပုံလေးတွေရိုက်ချင်ကြတာပါပဲ။ ယွန်းကတော့ ဒီအိပ်မက်လေးကို အကောင်ထည်ဖော်လိုက်နိုင်ပါတယ်။

ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့အချစ်တွေကို အပိုင်သိမ်းနိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတဲ့ ကလေးလေးဟာ အခုချိန် မှာတော့ အရမ်းကိုကြည့်ကောင်းပြီး လှလှပပဖူးပွင့်လာတဲ့ ပန်းလေးတစ်ပွင့်ဖြစ်လာခဲ့ပါပြီ။ ပညာရေးနဲ့ပက်သက်ပြီးတော့ လည်း အမြဲတမ်းစိတ်ချရအောင် ကြိုးစားတဲ့ သမီးလိမ္မာလေးကိုပိုင်ဆိုင်ထားတဲ့ မိဘတွေကတော့ ကြည်နူးပီတိအပြုံးတွေနဲ့ ပါ။

သူမတို့သူငယ်ချင်းနှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ” First day of school မှာကြည့်မရတဲ့သူတွေကပဲ နောက်ဆုံးတော့လည်း Best Friend ဖြစ်လာတတ်တယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ တော်တော်များများကြုံဖူးကြ မှာပါ အစပိုင်းကကြည့်မရပေမယ့် နောက်ပိုင်းမှာတော့ အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့တာလေးတွေကို။ တကယ်ကြည်နူးစရာအမှတ်တရလေးပေါ့။

Photo – Yoon Yoon
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Yoon Yoon
Happy – Cele Zone