ဘဝအမောတွေ ခဏတာ ပြေပျောက်စေမယ့် မြတ်သူသူဇင်တို့ မောင်နှမရဲ့ Tiktok အခွီလေးများ

Posted on

MRTV-4 ရဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေ တဆင့်ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးလေးဖြစ်တဲ့ မြတ်သူသူဇင်က လက်ရှိမှာဆိုရင် အနုပညာအလုပ်ကို အစွမ်းကုန် ခွန်အားရှိသမျှကြိုးစားနေပြီး ပရိသတ်တွေအတွက် အကောင်းဆုံး တင်ဆက်မှုတွေပြသနိုင်အောင် ကြိုးစားနေသူတစ်ယောက်ပါ။ အရံမင်းသမီးလေးဆိုပေမယ့် သရုပ်ဆောင်စွမ်းရည်က ခေသူတစ်ယောက်မဟုတ်တဲ့အပြင် အရည်အချင်းရှိတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

အိုက်တင်ကောင်းပြီး ဇာတ်လမ်းကို ပိုပြီး ရုပ်ကြွလာရောက် သရုပ်ဆောင်နိုင်တဲ့ တက်သစ်စ မင်းသမီးတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်ခံရတဲ့ သူတစ်ယောက်ပါ။ ပျော်ပျော်နေတတ်ပြီး ဝါသနာပါရာကို အကောင်းဆုံး ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်လို့ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားတွေမှာလည်း မတူညီတဲ့ ဇာတ်ကောင်နေရာတွေကနေ ပရိသတ်တွေကြည့်ရှူခံစားရအုံးမှာပါ။

အခုတော့ ပျော်ပျော်နေတဲ့ မင်းသမီးလေး မြတ်သူသူဇင်က အလုပ်တွေပြီးတဲ့ချိန်လေးမှာ ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စရာ အခွီတစ်လိုင်း Tiktokလေးတွေကို မောင်နှမနှစ်ယောက်တူတူဆော့ထားတာဖြစ်ပါတယ်။ တခဏတာ ဖြစ်ဖြစ် စိတ်ညစ်စရာတွေရှိခဲ့ရင် မြတ်သူသူနဲ့ မြတ်ဘုန်းခန့်တို့ရဲ့ ဗီဒီယိုလေးတွေကိုကြည့်ပြီး ဘဝအမောတွေပြေပျောက်စေဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Myat Thu Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ဘဝအေမာေတြ ခဏတာ ေျပေပ်ာက္ေစမယ့္ ျမတ္သူသူဇင္တို႔ ေမာင္ႏွမရဲ႕ Tiktok အခြီေလးမ်ား

MRTV-4 ရဲ႕ ျမန္မာ႐ုပ္သံဇာတ္လမ္းတြဲေတြကေန တဆင့္ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ခဲ့တဲ့ မင္းသမီးေလးျဖစ္တဲ့ ျမတ္သူသူဇင္က လက္ရွိမွာဆိုရင္ အႏုပညာအလုပ္ကို အစြမ္းကုန္ ခြန္အားရွိသမွ်ႀကိဳးစားေနၿပီး ပရိသတ္ေတြအတြက္ အေကာင္းဆုံး တင္ဆက္မႈေတြျပသႏိုင္ေအာင္ ႀကိဳးစားေနသူတစ္ေယာက္ပါ။ အရံမင္းသမီးေလးဆိုေပမယ့္ သ႐ုပ္ေဆာင္စြမ္းရည္က ေခသူတစ္ေယာက္မဟုတ္တဲ့အျပင္ အရည္အခ်င္းရွိတဲ့ သူတစ္ဦးလည္းျဖစ္ပါတယ္။

အိုက္တင္ေကာင္းၿပီး ဇာတ္လမ္းကို ပိုၿပီး ႐ုပ္ႂကြလာေရာက္ သ႐ုပ္ေဆာင္ႏိုင္တဲ့ တက္သစ္စ မင္းသမီးတစ္ဦးျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္ခံရတဲ့ သူတစ္ေယာက္ပါ။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဝါသနာပါရာကို အေကာင္းဆုံး ႀကိဳးစားေနတဲ့ သူတစ္ေယာက္ျဖစ္လို႔ လက္ရွိ႐ိုက္ကူးေနတဲ့ ဇာတ္ကားေတြမွာလည္း မတူညီတဲ့ ဇာတ္ေကာင္ေနရာေတြကေန ပရိသတ္ေတြၾကည့္ရႉခံစားရအုံးမွာပါ။

အခုေတာ့ ေပ်ာ္ေပ်ာ္ေနတဲ့ မင္းသမီးေလး ျမတ္သူသူဇင္က အလုပ္ေတြၿပီးတဲ့ခ်ိန္ေလးမွာ ပရိသတ္ေတြအတြက္ ရယ္ေမာေပ်ာ္႐ႊင္စရာ အခြီတစ္လိုင္း Tiktokေလးေတြကို ေမာင္ႏွမႏွစ္ေယာက္တူတူေဆာ့ထားတာျဖစ္ပါတယ္။ တခဏတာ ျဖစ္ျဖစ္ စိတ္ညစ္စရာေတြရွိခဲ့ရင္ ျမတ္သူသူနဲ႔ ျမတ္ဘုန္းခန႔္တို႔ရဲ႕ ဗီဒီယိုေလးေတြကိုၾကည့္ၿပီး ဘဝအေမာေတြေျပေပ်ာက္ေစဖို႔ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။