မေမေ့ အသံကြားတာနဲ့ အပြေးလေးထွက်ကြိုနေတဲ့ ချစ်စရာ Ivy လေး ရုပ်သံ

Posted on

ဂီတလောကမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အေသင်က အခြေအနေတစ်ခုကြောင့် Single Mother ရောက်ရှိခဲ့ပြီး အသက်လောက်ချစ်ရတဲ့ တစ်ဦးတည်းသော သမီးလေး အတွက် ခွန်အားအပြည့်နဲ့ ဘဝကို ရင်ဆိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားပြီး ချစ်စရာကောင်းနေတဲ့ သမီးလေး Ivyလေးကို မွေးဖွားပြီးတဲ့ နောက် ဂီတလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး သမီးလေးအတွက် ခွန်အားတွေအပြည့်နေတဲ့ ကြိုးစားနေတဲ့ ယခင်နဲ့မတူတော့တဲ့ အေသင်ကို ပရိသတ်တွေမြင်တွေ့ရမှာပါ။

ယခုဆိုရင် ချစ်စရာကောင်းတဲ့ Ivy လေးက လမ်းလေး တောက်တောက် လျှောက်တတ်တဲ့ အရွယ်ကို တောင်ရောက်ရှိနေပြီဖြစ်ပြီး မေမေ အေသင်ရဲ့ အရူးအမူးချစ်ရတဲ့ အသည်းကျော်လေးတစ်ဦးပါ။ လမ်းလျှောက်တတ်စ ထိန်းရခက်တဲ့ အရွယ်လေးတွေမို့ မေမေ အေသင်က သမီးလေးအတွက် အချိန်ပိုပေးပြီး သမီးလေးနဲ့အတူတူ အချိန်ဖြုန်းနေတတ်တဲ့ မေမေ တစ်ဦးပါ။

အခုလည်း သမီးလေးနဲ့ အပြင်ကနေ ပြန်လာတဲ့ အေသင်က ရောက်တာနဲ့ သမီးလေးကို လှမ်းခေါ်ပြီး သားအမိနှစ်ယောက်အလွမ်းသယ်နေတဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာပါ။ မေမေ့ အသံကြားတာနဲ့ အခန်းထဲက ပြေးထွက်လာပြီး ကြိုတတ်တဲ့ သမီးလေးကြောင့် အေသင်တော့ ပင်ပန်းသမျှတွေ ပျောက်ကုန်ပြီ ထင်ပါရဲ့..။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ အေသင်တို့ သားအမိရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ကြည်နူးမှုတွေခံစားလိုက်ပါအုံးနော်။

Source:Aye Thin Cho Swe

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



