အဖေဖြစ်သူ အောင်ရင်နဲ့အတူ အတွဲညီညီ သီချင်းတွေ သီဆိုဖျော်ဖြေခဲ့တဲ့ မိုးအောင်ရင် ရုပ်သံ

Posted on

ပရိသတ်တွေရဲ့ နှလုံးသားထဲက မင်းသားတစ်ဦးဖြစ်တဲ့ မိုးအောင်ရင်က ပရိသတ်တွေသိပြီးသား အကြောင်းအရာတစ်ခုကြောင့် အနုပညာလောကနဲ့ ခေတ္တအဆက်အသွယ်ပြတ်ခဲ့ပေမယ့် အခုဆိုရင် အနုပညာလောကထဲကို ခြေလှမ်း ခပ်သွက်သွက်နဲ့ ပြန်လည်ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ ယုံကြည်မှုတွေ အချစ်တွေကို ပြန်လည်ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လက်ရှိမှာဆိုရင်လည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို မြင်တွေ့ရပြီး နောက်ပိုင်းမှာ မင်းသားမိုးအောင်ရင်ရဲ့ ရုပ်ရှင်ဇာတ်ကားသစ်တွေကို ပြန်လည်ကြည့်ရှူခံစားကြရမှာပါ။

လက်တလောမှာဆိုရင်လည်း အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ မင်းသား မိုးအောင်ရင်ကို ကြိုဆိုတဲ့ အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ရိုက်ကူးခဲ့တဲ့ သုံးယောက်ပေါင်းလောင်းကျော် ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေပြီဖြစ်ပါတယ်။ မိုးအောင်ရင်နဲ့အတူ အဖေဖြစ်သူ အောင်ရင်ရဲ့ ဆင်တူ ဝတ်စုံတွေနဲ့ ပွဲတက်ပုံရိပ်လေးတွေက မိုးအောင်တို့ သားအဖ နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ ဆက်ဆံရေးကို ပရိသတ်တွေရဲ့ သတိပြုမိကြမှာပါ။

အခုလည်း စင်္ကာပူနိုင်ငံက ဖျော်ဖြေရေးတစ်ခုကို သွားရောက်ဖျော်ဖြေခဲ့တဲ့ မိုးအောင်ရင်တို့ သားအဖနှစ်ဦးရဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာပါ။ အဖေ ဖြစ်သူ အောင်ရင်ရဲ့ ဟန်ပါပါ သီချင်းသီဆိုမှုနောက်မှာ စည်းချက်ချက်ညီညီနဲ့ ဟာမိုနီလိုက်ပေးနေတဲ့ မိုးအောင်ရင်တို့ သားအဖ နှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို CeleZone ပရိသတ်တွေခံစားနိုင်ဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Nyant Thaw

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



