မောင်ဖြစ်သူရဲ့ သီချင်းလေးနဲ့ လိုက်ဖက်ညီလွန်းနေတဲ့ အိမ်ချစ်တို့ရဲ့ Pre Wedding ဗီဒီယိုလေး

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် ဂျူနီယာချစ်ကောင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုလေးတစ်ခုကို တင်ဆက်လာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ အစ်မဖြစ်သူ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် အိမ့်ချစ်တို့ ဇနီးမောင်နှံရဲ့ Pre Wedding ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးခဲ့ပါတယ်။

Pre Wedding ဗီဒီယိုလေးရဲ့ နောက်ခံ သီချင်းလေးကတော့ ဂျူနီယာချစ်ကောင်းသီဆိုထားတဲ့ “အချစ်တံတိုင်း” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ သီချင်းလေးနဲ့ အိမ့်ချစ်တို့ ဇနီးမောင်နှံရဲ့ Pre Wedding ရိုက်ကူးထားမှုကတော့ လိုက်ဖက်ညီလွန်းလှတာကြောင့် ပရိသတ်တွေကလည်း ဒီဗီဒီယိုလေးကို သဘောကျနှစ်သက်ကြောင်း မှတ်ချက်ပေး နေကြပါသေးတယ်။

CeleZone ပရိသတ်ကြီးတွေလည်း ဂျူနီယာချစ်ကောင်းရဲ့ အချစ်သီချင်းလေးနဲ့ လိုက်ဖက်ညီလွန်းလှတဲ့ အိမ့်ချစ်တို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းလှတဲ့ Pre Wedding ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီးကြပြီလား။ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း ကြည့်ရှုလို့ရအောင် CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – Junior Chit Kaung